[ 33 ]

29.8K 2.5K 12
                                    

[ သူကြီးသမက် ]

နောက်တစ်နေ့ ...

တရှပ်ရှပ်မြည်သံနဲ့အတူတံမြက်စည်းကိုင်ကာဗိုက်ပူပူလေးနဲ့အိမ်ရှေ့ခြံထဲမှာအမှိုက်တွေလှည်းနေတဲ့အရိပ်ကိုရိုးနွားစားခေါင်းထဲကိုနွားတွေအစာစားပြီး ရေသောက်ရန်ဖြည့်ပေးရင်းကနေလှမ်းကြည့်ကာပြုံးလိုက်မိသည်။

ငါးလကျော်ကျော်လေးစွန်းနေတဲ့ အရိပ်ဗိုက်ကလေးကသိသိသာသာပူနေသလို တီရှပ်ပွပွကြီးကိုပုဆိုးလေးနဲ့သင့်တော်သလို ဝတ်ထားတဲ့အရိပ်ပုံစံလေးကပိုကရိုလေးနဲ့ရိုးမျက်လုံးကြည့်မဝတစိမ့်စိမ့်ကြည့်လေချစ်မဝလေဖြစ်နေမိသည်။

" ဘုရားပန်းသည် ဘုရားပန်း !"

ရွာလမ်းအတိုင်းအော်လာတဲ့ ဘုရားပန်းရောင်းတဲ့ကောင်မလေးထားထားအသံကြောင့် အရိပ်တံမြက်စည်းကိုမန်ကျည်းပင်မှာကပ်ထောင်ထားခဲ့လိုက်ပြီးခြံဝထွက်လာကာ။

" ဘုရားပန်းဝယ်ဦးမယ် ထားထား "

" ဟုတ်ကဲ့ "

ခေါင်းပေါ်ကဝါးနှီးတောင်းလေးကိုအောက်ချလိုက်၍ ပုဆိုးရေစိုလေးနဲ့အုပ်ထားတာကိုဖယ်ရင်း ထားထားကအရိပ်ကိုမေးလာသည်။

" အစ်ကိုနွေလရိပ် ဘာပန်းယူမှာလဲ သစ္စာပန်း ရေမွေးပန်း  ကန္ဓမာပန်း ရောင်စုံပါတယ် "

" ကန္ဓာမာကတစ်စီးဘယ်လောက်လဲ "

" သုံးရာ "

တစ်စီးသုံးရာဆိုတဲ့ပန်းသည်ထားထားအဖြေကြောင့် အရိပ်လည်းအဖြူရောင်လေးထဲကလှမယ်ထင်တဲ့ ကန္ဓာမာပန်းသုံးစီးရွေးယူလိုက်သည်။

" ရိုးရေ "

" ဗျာ "

နွားတွေရေသောက်ဖို့ဖြည့်နေရင်း အရိပ်ခေါ်သံကြောင့် ရေပုံးကိုချလိုက်ပြီးနွားတင်းကုပ်ထဲကနေ အရိပ်ရှိတဲ့အိမ်ပေါက်ဝနားလျှောက်လာခဲ့လိုက်သည်။

" ရိုး အရိပ်ကိုပိုက်ဆံတစ်ထောင် အိပ်ခန်းထဲမှာ သွားယူပေးဦး "

ရိုးလည်းအိပ်ခန်းထဲကအရိပ်ပိုက်ဆံထားတဲ့နေရာကနေတစ်ထောင်တန်တစ်ရွက်ယူပြီးပန်းသည် ထားထားကိုပေးလိုက်တော့ ထားထားကငွေတစ်ရာပြန်အမ်း၍ ပန်းတောင်းခေါင်းပေါ်ရွက်ကာရွာလမ်းအတိုင်းရောင်းရန်ထွက်သွားသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now