[ သူကြီးသမက် ]
" အရိပ်လေး ဒီမှာကိုယ့်မုန့်ဝယ်လာခဲ့တယ် "
ညနေ့စာစားပြီးနောက်ဈေးဆိုင်မှာဆေးလိပ်သွားဝယ်ဦးမယ်ပြော၍ ထွက်သွားတဲ့ရိုးကမှာလိုက်စရာမလိုအောင် အရိပ်အတွက်မုန့်ဝယ်ပေးခဲ့ဖို့ကိုလည်းမမေ့ပါ ရိုးဆေးလိပ်သောက်တာကိုအရိပ်မကြိုက်ပေမဲ့တားလို့ရတဲ့ထဲမှာလည်းရိုးမပါခဲ့ အရိပ်ပြောလိုက်ချိန်တိုင်းမှာလည်းနှစ်ယောက်သားစကားများရန်ဖြစ်ရတာပဲအဖတ်တင်သည်။
" အရိပ်လေး မုန့်ထစားဦးလေမအိပ်သေးဘူးမို့လား "
" မစားတော့ဘူး အိပ်တော့မယ် "
ညနေ့ကတည်းကရိုးအရက်သောက်လာလို့စိတ်ကောက်နေသူလေးကိုချော့ရန်အရိပ်ကြိုက်တဲ့နကထိုင်နဲ့တခြားမုန့်များစွာဝယ်လာခဲ့တာဖြစ်ပေမဲ့ စိတ်ကောက်နေသူလေးကအိပ်တော့မယ်ဆိုကာအိပ်ရာထဲကလုံးဝကိုထမလာတာကြောင့် လက်ထဲကမုန့်တွေကိုဘေးနားချလိုက်ပြီးအိပ်ရာထဲကအရိပ်ကိုအသာအယာကောက်ပွေ့ပစ်လိုက်ကာ ရိုးသူ့ပေါင်ပေါ်ထပ်လျက်အရိပ်ကိုထိုင်စေလိုက်၍ အနောက်ကနေခါးတွေကိုတင်းကျပ်စွာပွေ့ဖက်ထားလိုက်သည်။
" ဘာလုပ်တာလဲ !"
" မုန့်စားမယ်လို့ ပြောနေတယ်လေ "
" မစားဘူး အိပ်တော့မယ် !"
ရိုးရဲ့လေသံမှပျော့ပြောင်းနူးညံ့မှုရှိနေသလောက် အရိပ်ရဲ့လေသံမှာတော့စိတ်ဆိုးနေသည်မို့ခပ်မာမာသာထွက်လာသည်။
" အရိပ်လေး ကိုယ့်ကသူများယောကျ်ားတွေလို့အလွန်အကျွံသောက်စားမူးရူးပြန်လာအိမ်ရောက်ရင်အိမ်ကမိန်းမကိုရစ်ရိုက်နှက်နေတဲ့ကောင်မဟုတ်ပါဘူးကွာ နည်းနည်းလောက်လေးသောက်တာကိုဘာလို့ကိုယ့်ကိုစိတ်ဆိုးနေရတာလဲလို့ "
အရိပ်တစ်ကိုယ်လုံးကိုကလေးငယ်တစ်ယောက်လိုရင်ခွင်ကျယ်ထဲဆွဲပွေ့ထား၍ ပေါင်ပေါ်တင်ထားတဲ့ချစ်ယောကျ်ားရိုးအပြောစကားကြောင့် အရိပ်ရိုးရင်ခွင်ထဲခေါင်တိုးဝှေ့ကာမှီလိုက်ပြီးနောက် ကြောင်ငယ်လေးတစ်ကောင်လို ရိုးရင်ဘက်လေးကိုအရိပ်မျက်နှာလေးပွတ်သပ်လိုက်သည်။

YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡