[ 11 ]

38.6K 3.3K 42
                                    

[ သူကြီးသမက် ]

ဇီးပင်ကုန်းရွာလေးတွင် ...

" ကိုနွေအောင် ရှင်ကျွန်မသားကိုဘယ်ချိန်လိုက်ခေါ်ပေးမှာလဲ !"

ဒေါ်ခင်ရိပ် သူကြီးဘေးထိုင်၍ ငိုချင်းချကာသားလုပ်သူကိုလိုက်ရှာခိုင်းနေတာဖြစ်၏ ဒီနေ့နဲ့ဆိုသားလေး‌ ရိုးမာန်ဂုဏ်နဲ့ခိုးရာလိုက်ပြေးသွားတာလေးရက်တောင်ရှိနေပြီ အစားမှကောင်းကောင်းစားရရဲ့လား သုံးစရာငွေမှရှိရဲ့လားဆိုတဲ့အတွေးကမိခင်တစ်ယောက်ဖြစ်တဲ့သူမရင်ကိုမီးစနဲ့အထိုးခံနေရသလိုပူလောင်စေသည်။

" နားငြီးတယ်ခင်ရိပ် မင်းငိုနေတာရပ်စမ်း သူဘာသာဘယ်လိုနေနေ သူ့လင်အားကိုးနဲ့လိုက်ပြေးတာမှတ်လောက်အောင်ပစ်ထားလိုက် !!"

သူကြီး‌ဦးနွေအောင်စိတ်တိုစွာသူ့မိန်းမကိုအော်ငေါက်သံထွက်လာသည်။

မိန်းမလုပ်သူရဲ့နားပူအောင်ငိုနေတာကတစ်မျိုး ကျောင်းဆရာလုပ်တာတစ်လမပြည့်သေးဘူး အရက်သမားကိုလင်တော်ခိုးရာလိုက်ပြေးသွားတဲ့ သားကိုစိတ်တိုတာကတစ်မျိုးရော၍ ဒေါသထွက်လာကာမိန်းမလုပ်သူကိုအော်ငေါက်လိုက်တော့။

" အိုတော် ရှင်ကပစ်ထားနိုင်ပေမဲ့ ကျွန်‌မကတော့ ပစ်မထားနိုင်ဘူး ကျွန်မဝမ်းနဲ့လွယ်မွေးထားခဲ့ရတာ ရှင်မခေါ်ရင်ကျွန်မလိုက်ခေါ်မယ် !!!"

နှင်းနုမှာအ‌ဖေဘက်ကဝင်ပြောရမလား အမေဘက်ကဝင်ပြောရမလားမတွေးတတ်တော့။

ထိုအချိန်ခြံထဲကိုဝင်လာတဲ့ ဦးရိုးဟန်။

" ဒီကသူကြီးနဲ့သူကြီးကတော် ကျွန်တော်သားအတွက် ကျွန်တော်တောင်းပန်ပါတယ် သူတို့ကျွန်တော်အစ်မရွာမှာလို့ကြားတယ် ကျွန်တော်လိုက်ခေါ်ပြီးမိသားဖသားပီပီပြန်လာအပ်ပါမယ် မင်္ဂလာကိုအကြီးကျယ်ဆုံးဖြစ်အောင်ဆောင်ပေးပါမယ်ဗျာ "

" မလိုဘူး ပြန်လာမအပ်နဲ့သားမိုက်ကိုပြန်လက်မခံဘူး "

" ရှင်လက်မခံလဲ ကျွန်မလက်ခံတယ် ကျွန်မသားကိုကျွန်မပစ်မထားနိုင်ဘူး !"

သူကြီးကတော်နဲ့သူကြီးရဲ့အခြေတင်းစကားများမှုကြား ဦးရိုးဟန်ခေါင်းကိုက်နေရချေပြီ သားသမီးမကောင်းမိဘခေါင်းဆိုတဲ့စကားပုံအတိုင်း ရိုးမာန်ဂုဏ်လုပ်သွားတဲ့လုပ်ရက်အပေါ် သူကြီးကျေနပ်အောင် ဦးရိုးဟန်တောင်းပန်နေရပြီဖြစ်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now