[ 31 ]

30.1K 2.6K 14
                                    

[ သူကြီးသမက် ]

နွေဦးကိုရောက်ခဲ့ပြီဖြစ်သလို ဥဩငှက်လေးရဲ့ပျောက်ဆုံးနေတဲ့သူရဲ့ချစ်သူနာမည်ကိုအော်ခေါ်ရှာဖွေနေသံလေးကလဲသစ်ပင်ထိပ်ဖျားဆီကနေကြားနေရသည်။ ငယ်ငယ်တုန်းကဖေဖေပြောပြနေကြဖြစ်တဲ့ညအိပ်ရာဝင်ပုံပြင်လေးသည်။

နွေဦးရာသီတစ်ခုတွင်ရွာတစ်ရွာမှာလင်မယားနှစ်ယောက်ရှိပြီး ယောကျ်ားလုပ်သူဥသြဆိုသူကတောထဲထင်းခွေသွားရင်းနဲ့အဘွားအိုတစ်ဦးနဲ့တွေ့ရာ ‌ထိုအဘွားအိုးရဲ့အကူညီတောင်းမှု့ကြောင့် ရေကန်ထဲကျနေတဲ့ထိုအဘွားအိုရဲ့တောင်‌ဝှေးကိုဆယ်ယူပေးလိုက်ကာ ထိုအဘွားအိုးကစုန်းမကြီးတစ်ယောက်ဖြစ်နေတာကိုသိသွားတဲ့ဥဩတစ်ယောက်ထိုစုန်းမကြီးဆီကအစွမ်းရှိတဲ့တောင်းဝှေးကိုပြန်လုယူဖျက်စီးပြစ်ရန်လုပ်ပေမဲ့ ဥဩအကြံမအောင်မြင်ခဲ့ စုန်းမကြီးမှအလွန်စိတ်ဆိုးကာဥဩကို ငါးတစ်ကောင်အဖြစ်ပြောင်းလဲပစ်လိုက်သည်။

မိန်းမလုပ်ကညနေစောင်းထိယောကျ်ားကအိမ်ပြန်မလာတာကြောင့် တော့ထဲလိုက်သွားရှာချိန် ရေကန်နံဘေးသစ်ပင်အောက်မှာထိုင်နေတဲ့အဘွားအိုကိုတွေ့ရစဉ် သူ့ရဲ့ယောကျ်ားကိုဥဩကိုတွေ့မိသေးလားသွားမေးချိန် ထိုအဘွားအိုကဥဩကိုငါးအဖြစ်ပြောင်းလိုက်သောစုန်းမကြီးဖြစ်နေပြီး ဥဩရဲ့မိန်းမကိုလဲ နင့်ယောကျ်ားကိုတွေ့ချင်ရင် လိုက်ရှာလိုဆိုကာမိန်းမလုပ်သူကိုငှက်ကလေးတစ်ကောင်အဖြစ်ပြောင်းလဲလိုက်သည်။

ထိုအချိန်မှစ၍ နွေဦးရာသီရောက်တိုင်းငှက်ဖြစ်သွားတဲ့ဥဩရဲ့မိန်းမကအမြင်ဆုံးသစ်ပင်ထိပ်ဖျားမှာရပ်နား၍ သူရဲ့ယောင်္ကျားဥဩရဲ့နာမည်ကိုအော်ခေါ်ရှာဖွေလေရှိပြီး သူ့ရဲ့ယောကျ်ားဥဩမှာသစ်ပင်အောက်ဘက်ကရေကန်ထဲတွင်ငါးဖြစ်နေတာကိုမသိရှိရှာပေ သနားစဖွယ်ကောင်းလွန်းသောထိုပုံပြင်လေးသည်။ ရိုးငယ်စဉ်ဘဝမှာအိပ်ရာဝင်ချိန်တိုင်းဖေဖေဦးရိုးဟန်ပြောပြနေကြပုံပြင်လေးတစ်ပုဒ်ဖြစ်သည်။

ရိုးမေမေကရိုးကိုမွေးပြီးဆုံးသွားခဲ့တာကြောင့်ဖေဖေကသာရိုးရဲ့မေမေလိုတစ်မျိုးဖေဖေလိုတစ်ဖန်ဒီအရွယ်ထိပြုစုပျိုးထောင်‌ပေးခဲ့တာဖြစ်သည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now