[ သူကြီးသမက် ]
" ဘုတ် "
" ရိုးအထုပ်ပြုတ်ချပြီ ဆိုင်ကယ်ခဏရပ်ပေးဦး "
အထုပ်တွေမနိုင်မနင်းနဲ့အရိပ်ဆိုင်ကယ်နောက်ကနေအထုပ်တွေကခဏခဏပြုတ်ကျနေတော့ ရိုးစိတ်မရှည်တော့။
" အဲဒါကြောင့်ပြောတာ မလိုအပ်တာတွေမဝယ်ပါနဲ့ဆိုတာကိုကားများထင်နေလား ဒါကဆိုင်ကယ်ပြန်ရမှာကတစ်မိုင်နှစ်မိုင်မဟုတ်ဘူး မိုင်ခြောက်ဆယ်ကျော်ဘယ်တော့မှကိုယ့်စကားကိုနားမထောင်ဘူး !"
အရိပ်အထုပ်ကောက်ပြီး ဆိုင်ကယ်နားပြန်လာတော့ အရိပ်ကိုစိတ်တိုစွာအော်ငေါက်နေတဲ့ရိုးကြောင့် အရိပ်ဘာမှပြန်မပြောရဲဒါကသူ့အမှားလေ ဘုရားကအပြန်ကောင်းမွန်ထဲဝင်တော့ လိုချင်တာဝယ်ချင်တာတွေကတန်းစီလို့ ရိုးကအပြန်မနိုင်မှာစိုးလို့မဝယ်နဲ့နောက်ရက်မင်္ဂလာဆောင်ပြီးရင်ပြန်လိုက်ပို့ပေးမယ်လို့ပြောနေတဲ့ကြားထဲကအရိပ်လိုချင်တာတွေကိုရအောင်ဝယ်ခဲ့တာဖြစ်သည်။
" သွား ! ဟိုနားကဆိုင်မှာကြက်ဖအိတ်တစ်လုံးသွားဝယ်လာခဲ့ !"
အရိပ်လည်း ရိုးစကားအတိုင်းကုန်စုံဆိုင်တစ်ခုဆီလျှောက်သွားလိုက်၍ ကြက်ဖအိတ်ကြီးကြီးတစ်လုံးဝယ်ပြီး ရိုးရပ်နေတဲ့ဆိုင်ကယ်နားပြန်လျှောက်လာခဲ့လိုက်သည်။
" ရိုး , ရပြီ "
" ကိုင်ထား "
အရိပ် ရိုးပြောတဲ့အတိုင်းအိတ်ကိုကိုင်ထားပေးလိုက်တော့ ရိုးကပစ္စည်းတွေအကုန်အိတ်ထဲထိုးထည့်လာသည်။
" ဟာ ၊ ရိုး ပိုးပုဆိုးနဲ့တိုက်ပုံအင်္ကျီတွေကြေကုန်မယ်လေ "
" ကြေပါစေတော့ ဒီလိုမှမထည့်ရင်တစ်လမ်းလုံးကိုင်လာမှာလား အပြန်ဖိတ်စာဆိုင်မှာဖိတ်စာတွေကလဲဝင်ယူရဦးမှာ !"
အရိပ် ရိုးရဲ့လေသံခပ်မာမာနဲ့အပြောကြောင့် ဘာမှဆက်မပြောတော့ ခေါင်းကိုငုံ့ထားလိုက်သည်။
ရိုး ပစ္စည်းတွေအကုန်ထည့်လိုက်ပြီးအိတ်ထိပ်ကိုစုချည်လိုက်ကာ ဆိုင်ကယ်ဂွကြားထဲထည့်လိုက်သည်။

YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡