[ 13 ]

38.3K 3.2K 65
                                    

[ သူကြီးသမက် ]

" အရိပ်အဝတ်တွေသေချာထုပ်ခဲ့ပြီလား "

ရိုးနွားများကိုလှည်းမှာတပ်ဆင်ရင်မေးလိုက်သည်။ အရိပ်ကတော့ သူတို့နှစ်ယောက်ရဲ့အဝတ်အိတ်များကိုလှည်းပေါ်တင်လိုက်ကာတက်ထိုင်ဖို့ပြင်နေပြီဖြစ်သည်။

ရွာကိုဘယ်လောက်ထိများပြန်ချင်နေရှာတယ်မသိ ရိုးကိုကြောက်လို့ပြန်ဖို့မပြောရဲဖြစ်နေတာထင်သည်။

" အကုန်ထည့်ခဲ့ပြီ ဘာတစ်ခုမှကျန်မနေခဲ့ဘူး စိတ်ချ သွားတိုက်တံကအစထည့်ခဲ့တယ် "

အရိပ် ရိုးအမေးကိုဖြေပြီး လှည်းပေါ်တက်ထိုင်လိုက်သည်။ အရီးနဲ့ဦးလေးရိုးဟန်တို့လဲလှည်းပေါ်တက်ထိုင်လာကြပြီးနောက် ရိုးကလှည်းအရှေ့ပိုင်းကနေတက်ထိုင်လိုက်ပြီးနွားကြိုးများကိုဆွဲစတင်မောင်းလိုက်တော့သည်။

တစ်လမ်းလုံးလှည်း‌ပေါ်မှာအရီးနဲ့ဦးရိုးဟန်တို့မောင်နှမနှစ်ဦးကတော့ ရိုးနဲ့အရိပ်အကြောင်းအပါအဝင်တခြားသောအကြောင်းများကိုပြော၍ လိုက်ပါလာကြသည်။

အရိပ်ကတော့နွားလှည်းမောင်းနေတဲ့ ရိုးနံဘေးထိုင်လိုက်လာရင်းလှည်းတစ်ချက်ချိုင့်ဆောင့်လိုက်တိုင်းမျက်နှာကသိသိသာသာရှုံ့မဲ့သွားရသည်။

ရိုး ဘေးကရိပ်ကိုကြည့်ပြီး ရယ်ချင်မိပေမဲ့ မရယ်နိုင်သနားလဲသနားသွားမိ၏ နွားလှည်းကိုအတတ်နိုင်ဆုံးခဲလုံးတွေရှောင်မောင်းပေမဲ့ နွားလှည်းလမ်းကအရမ်းကြီးရှောင်မောင်းလို့မရချေ။

" အရိပ် အရမ်းနာနေတာလား "

ရိုးအဖေနဲ့အရီးမကြားအောင်ခပ်တိုးတိုးအရိပ်နားကပ်မေးလိုက်တော့ ရှက်သွားတဲ့အရိပ်မျက်နှာပန်းနုရောင်လေးကတောလမ်းသစ်ပင်တွေကြားထဲကတိုးဝင်လာတဲ့နေပြောက်ကွက်လေးတွေထိုးနေတာကဗျာမမှီစာဖွဲ့မရနိုင်လောက်အောင်ကို လှပလွန်းတဲ့သက်ဝင်ပန်ချီကားလေးတစ်ချက်လို့ ရိုးမျက်လုံးထဲမှာမြင်ယောင်နေမိသည်။

အခုချိန်မှာသာ ရိုးကိုလူတွေက ကမ္ဘာပေါ်မှာမိုနာလီဆာအပြုံးဟာအလှဆုံးလိုလာပြောရင် ရိုးပြန်ပြောလိုက်မှာလာပြောတဲ့လူကို။

( သူကြီးသမက် )  CompletedWhere stories live. Discover now