[ သူကြီးသမက် ]
နေ့ညတွေပြောင်းလဲကာတစ်ရက်ပြီးတစ်ရက်ကုန်ဆုံးသွားသလို အရိပ်နဲ့ရိုးရဲ့အိမ်ထောင်သက်တမ်းကလဲ အခုဆိုတစ်လတင်းတင်းပြည့်ခဲ့လေပြီ။
ရိုးကတော့ သူပြောထားတဲ့အတိုင်းအင်းအလုပ်ကိုလုပ်ကိုင်သလို လယ်ယာတွေကိုလည်းစားရင်းငှားတွေခေါ်ကာစိုက်ပျိုးလုပ်ကိုင်နေပြီး အရိပ်ကတော့ကျောင်းဆရာပြန်လုပ်၍ ရွာထဲကကလေးတွေကိုစာပြန်သင်ပေးနေသည်။
ညနေသုံးနာရီဆိုတာနဲ့ကျောင်းဆင်းခေါင်းလောင်းသံကမြည်လာကာကျောင်းဆင်းရန်ပြင်ဆင်ကြတဲ့ကလေးတွေမျက်နှာကလဲပျော်ရွှင်နေမှုကအထင်းသားပေါ်လွင်နေကြသည်။
အရိပ်လည်းကျောင်းပြတင်းတံခါးပေါက်တွေကိုလိုက်ပိတ်ပြီးတာနဲ့အပြင်ထွက်လာတော့ ကလေးတွေအကုန်လုံးကကျောင်းစိမ်းကျောင်းဖြူဝတ်စုံလေးတွေနဲ့လွယ်အိတ်လေးတွေကိုယ်စီလွယ်ကာရွာလမ်းအပြည့်အိမ်ပြန်ခရီးဆီသို့။
" ပုစွန် ငါး ပုစွန် !"
အရိပ်အိမ်ပြန်လာချိန်လမ်းမှာငါသည်အစ်မမိအေးကိုတွေ့လိုက်ရတာကြောင့်။
" အစ်မပုစွန်ထုပ်တွေပါတာလား "
" အေး ပါတယ်အရိပ်ဝယ်ဦး "
" အင်း "
အရိပ်ဝယ်မယ်ဆိုတော့ အစ်မမိအေးကခေါင်းပေါ်ကဗန်းကိုမကာထိုင်လိုက်ပြီးအောက်ချလိုက်၍။
" အသေးကြီးငါးကောင်ပါတယ်လေးထောင်ဖိုးအကုန်ယူလိုက်တော့ "
" ဟုတ်ပါပြီဗျာ အကုန်ကိုရောင်းတော့တာပဲ "
" ဟား , ဟား ငါ့ကနင့်ကိုမလို့ဈေးလျှော့ပေးထားတာနော် သူများဆိုဒါကငါးထောင်ဖိုးပဲ "
အစ်မမိအေးစကားကြောင့် အရိပ်ရယ်လိုက်ပြီး အိတ်ထဲကပိုက်ဆံထုတ်လိုက်ကာလေးထောင်ကိုအစ်မမိအေးကိုပေးလိုက်ပြီးနောက်။
" ဈေးလျှော့ပေးလို့ကျေးဇူးပါဗျာ ဒါနဲ့အစ်မယောကျ်ားဒီနေ့ရိုးနဲ့အင်းထဲလိုက်သွားတာလား "
" အင်း လိုက်သွားတယ် ဘာလို့လဲ "
" မေးကြည့်တာပါ ကျွန်တော်အိမ်ပြန်ပြီး ရိုးပြန်မလာခင်ချက်လိုက်ဦးမယ် "

YOU ARE READING
( သူကြီးသမက် ) Completed
Non-Fiction( ရိုးမာန်ဂုဏ် ♡ နွေလရိပ် ) ♡ 28 . 8 . 2021>♡< 19 . 12 . 2021 ♡