Epi - 4

6.9K 627 12
                                    

[Unicode]

သူတို့ရဲ့ကော်ဖီဆိုင်လေးမှာ အင်္ကျီဝင်ယူရင်း ခဏထိုင်နေကြသည် ။ မောပန်းနေပေမယ့် ကဖိန်းဓာတ်လေး
ဝင်သွားတော့ လူကမျက်လုံးပိုကျယ်လာသလို ။

" ဂျွန့် ညည့်နက်နေပြီ ပြန်လိုက်ပို့ပေးရဦးမလားဟင် "

" မလိုပါဘူး ထယ် ဟိုတယ် ထဲဝင်သွားတာကြည့်ပြီးမှ
ကျွန်တော်စိတ်အေးရမယ်ထင်တယ် "

" ဟုတ်ပါပြီ ဟန်းဂုမှာလည်းထပ်တွေ့ကြမယ်နော် "

" ကြားထဲလည်း ဖုန်းဆက်လို့ရတယ်နော် ထယ် "

" အွန်း လက်ဆောင်ပေးထားတဲ့ အင်္ကျီလေးတွေလည်း
ကောင်းကောင်းဝတ်ပါဂျွန်ရေ ဘိုင့်ဘိုင် "

သူ့ကိုတာ့တာပြီပြီး ပြုံး‌ပြုံးလေးနဲ့ပြန်သွားတဲ့ ထယ် ။
တစ်နေ့လုံးပျော်ရွှင်ခဲ့ရတာက အခုချိန်မှာအနည်းငယ်တောင်
စိတ်မကောင်းဖြစ်ချင်သလို ။ သူလည်း ဟန်းဂု ကို
ပြန်ရမယ့်ရက်သိပ်မလိုတော့တာကြောင့် အပြန်
ဘတ်စ်မစီးတော့ပဲ လမ်းလျောက်ပြီးပြန်မိတော့သည် ။
ထယ်ဝယ်ပေးတဲ့ အိတ်သုံးအိတ်ကိုဆွဲပြီးတော့ပေါ့ ။
____________________________

‌ခြေလက်သန့်စင်ပြီး အိပ်မယ်ပြင်တော့ ဟျောင်း
ကဖုန်းခေါ်လာတယ် ။ ဂျွန့် ဆီဖုန်းဆက်မလို့ဆိုနေ ။
အခုကတည်းက ဟျောင်း ကသူနဲ့ဂျွန်ကြား ကန့်လန့်ကန့်လန့်
ပါလား ။

" ငယ်လေးရေ ... မနက်ဖြန်လောက် ပြန်လာမှရမယ်ထင်တယ် "

" ‌နှစ်ရက်လောက်နေချင်သေးတယ်‌လေဟျောင်းကလည်း "

" ဟျောင်း ကိုလာမချွဲနဲ့နော် ငယ်ဒီမှာချန်ခဲ့တာတွေ
အများကြီး "

" ဟင့် ဒါဆိုလက်မှတ်ဖြတ်လိုက်တော့မယ်ဟျောင်း "

" ဟုတ်ပြီငယ် ၊ ဟျောင်းလာကြိုမယ် "

" ဟုတ် "

" ဒါနဲ့ ဟိုကောင်လေးနဲ့ရော ငယ်လေး "

" ဟိဟိ ဟျောင်းကလည်း လာမေးနေပြန်ပြီ
သူလည်းဟန်းဂုကိုပြန်လာတော့မှာတဲ့ ဟင်း ဟျောင်း နဲ့
ပြောပြီးရင် သူ့ဆီဖုန်းဆက်ရမယ် "

" ဟော ခုနတုန်းကအသံနဲ့မတူတော့ပါလားငယ်
တတ်လည်းတတ်နိုင်တယ်နော် "

Contrition ( Complete ) ✓Where stories live. Discover now