Epi - 17

8.6K 617 13
                                    

[Unicode]

ဒီနေ့တစ်လုံးအဆင်ပြေပြေရှိကြတဲ့ နှစ်ယောက် ။ ဂျပန်
ဆိုင်တစ်ဆိုင်မှာ နေ့လည်စာဝင်စားရင်း စကားတွေအများကြီး‌ ပြောဖြစ်ခဲ့ကြသေးသည် ။ အတင့်ရဲပြီး ဂျောင်ဂု ကို ယောက်ျားလို့ခေါ်လိုက်တဲ့
ထယ်ယောင်း ကသာ ပါးပြင်တို့နီရဲပြီး စကားမစနိုင်
ဖြစ်နေရရှာတာ ။ ချစ်ရသူကသူ့ကိုတစိမ့်စိမ့် ထိုင်ကြည့်နေသေးတာမလို့ ကောင်းကောင်းမစားခဲ့ရ ။

နေ့လည်စာစားပြီး ဆေးရုံကိုပြန်သွားတဲ့ ဂျောင်ဂု
ဘာလုပ်လုပ်သူ့ခေါင်းထဲ ရှက်သွေးဖြာနေတဲ့ ထယ်ယောင်း
ရဲ့မျက်နှာကိုသာ ခေါင်းထဲရောက်လာတာမို့ ခဏခဏ
ခေါင်းခါကာ အတွေးတွေဖယ်ထုပ်နေရသည် ။ ရင်မခုန်
ဖူးတာလည်းမဟုတ်တဲ့သူက ဂျူတီအပြီးမှာ နှလုံးအထူးကု
ဆီသွားလိုက်ပါသေးတယ် ။

" မင်ဟို ငါ့ ငါ့ကိုတစ်ချက်ကြည့်ပေးပါဦး "

သူ့လက်ကိုရုတ်တရက်လှမ်းဆွဲကာ ရင်ဘတ်နားကပ်လိုက်တဲ့
ဂျောင်ဂု ကြောင့်နှလုံးအထူးကု မင်ဟို
ပြူးကြောင်သွားသည် ။

" ငါ ငါလေ ရင်တွေအရမ်းခုန်နေတယ် ပြီးတော့
အားးး မပြောပြတတ်ဘူး ကင်မ်ထယ်ယောင်း ထယ့် ပုံကိုပဲ
မျက်လုံးထဲမြင်နေတာကွာ တစ်မနက်လုံးအလုပ်လုပ်မရဘူး
ဆေးမှားထိုးရင်သေမယ့်လူနာတွေတန်းစီနေပြီ ငါ
စိတ်ရောဂါကုဆီကိုသွားပြရမလား "

ဂျောင်ဂု ရဲ့တောင်စဉ်ရေမရစကားတွေကြောင့်
သူအူလိုက်သဲလှိုက်ရယ်မိသည် ။ အရူးကောင်က
အကိုထယ့်ကိုအတော်ဖြစ်နေတာပဲ ။

" မင်းကနှလုံးရောဂါဖြစ်နေတာလဲမဟုတ်ဘူး
စိတ်ရောဂါရနေတာလည်းမဟုတ်ဘူး ရူးနေတာတော့
ဟုတ်တယ် "

" ဟမ် ငါရူးနေတာလား "

" အေး အကိုထယ့်ကိုရူးနေတာလေ ဟားဟား "
________________________________

ဂျောင်ဂုနည်းတူ သူ့ရဲ့အလုပ်စားပွဲပေါ်မှာ ငေးငိုင်နေမိတဲ့
ထယ်ယောင်း ။ ယောက်ျားလို့ဘာကြောင့်များ ခေါ်လိုက်ရလဲ
ဆိုပြီးတွေးမိနေသလို သူ့ကိုစိုက်ကြည့်နေတဲ့ ဂျွန့် မျက်ဝန်း
စူးစူးရှရှကိုမြင်ယောင်ကာ ရင်ခုန်မိသည် ။ တစ်နေကုန်
အလုပ်လည်းမလုပ်ခဲ့ရသလို ပြတင်းပေါက်ကိုကြည့်ရင်း
ပြုံးပျော်နေမိတာ ဘေးကဒုံဖြို ထူးဆန်းလို့လာမေးရတဲ့
အထိပါပဲ ။

Contrition ( Complete ) ✓Where stories live. Discover now