Extra 0.1

988 77 21
                                    

ကိုရီးယားရဲ့ Halloween ည ။ သူတိူ့အိမ်ရှေ့မှာ ကလေးတွေပုံဖော်ထားတဲ့ ရွှေဖရုံသီးတွေထဲ မီးထွန်းထားပြီး
ကုန်တိုက်ကဝယ်လာတဲ့ လင်းနို့အရုပ်တွေကိုချိတ်ဆွဲ
ထားသေးသည် ။ သားအကြီးက အခုကုမ္ပဏီတစ်ခုမှာ
အလုပ်ရပြီး သမီးကသူ့ကိုယ်ပိုင် fashion shop လေးတစ်ခု ဖွင့်ထားသည် ။ အငယ်ဆုံးပေါက်စနလေးက
ခုဆိုမူလတန်းကျောင်းသားလေးကိုဖြစ်လို့ ။ ဂျွန်က
သူ့သွေးသားထဲ ဆရာဝန်တစ်ယောက်မှမပါဘူးလို့ ရယ်ကာ
ပြောဖူးပေမယ့် ကလေးတွေရဲ့ အိမ်မက်သူတို့ဘဝကို
မချုပ်ချယ်ခဲ့ ။ အငယ်ဆုံးလေးကိုတော့ မျှော်မှန်းဦးမယ်
ထင်ပါရဲ့ ။

ဒီလိုပိတ်ရက်မှာ အကုန်လုံးကပျော်ရွှင်နေကြသလို သူတို့မိသားစုလည်းအိမ်မှာဆုံဖြစ်ကြသည် ။ ဂျွန်ကလည်း
ပါမောက္ခရာထူးတိုးသွားတာမလို့ ပိုအလုပ်များနေခဲ့တာ
ခုမှအနားကပ်ပြီး ပိုချွဲနေလေရဲ့။ သူကအသက်ကြီးမှ ပိုကဲလာတဲ့အမျိုး ။

ထယ်ယောင်း အိမ်နောက်ဖေးမှာ အသီးတွေရေးဆေးပြီး
စားဖို့အသင့်ပြင်နေမိသည် ။ ဒီနေ့ အကြီးလေးနှစ်ယောက်
သားနဲ့သမီးက အီထယ်ဝန်ကိုသွားလည်ကြမယ်ပြောတယ် ။
အဲ့မှာလူတော်တော်စည်ပြီး ပျော်စရာကောင်းပါရဲ့ဆိုလို့
သွာကြတယ်တဲ့လေ ။ အငယ်လေးကတော့ ဒီတိုင်း costume play အနက်ရောင်ခြုံထည်နဲ့ ချိုချဉ်တွေ
လိုက်တောင်းနေလေရဲ့ ။ ဒီကလေးနဲ့ကျမှ သူတို့ကို တစ်ရပ်ကွက်လုံး မသိတဲ့သူမရှိ ။

" ထယ် ဘာလုပ်နေတာလဲ "

" ဟင် အသီးခွဲနေတာ အချိုတည်းရအောင်လို့ "

" အသီးတွေက ချိုရဲ့လား "

"ချိုတာပေါ့ ဂျီမင်နီတို့အမျိုးတွေခြံထဲကလေ ဂျွန်ရဲ့ "

" သူတို့ချိုတာ ထယ့်အပြုံးတွေကိုမှီမလား "

ဘေးနားကိုလာပြီး ပြုံးပြုံးကြီးလာစနေတဲ့ ဂျွန့်ကြောင့်
ထယ်ယောင်း ပါးတွေရဲလာတော့ ဂျွန်ကရီသည် ။

" ခုထိဒီလိုအချစ်စမ်းတဲ့စကားတွေပြောဦးမှာလား "

" အင်း ချစ်လွန်းလို့ ပြောဦးမှာ နောက်လည်းပြောဦးမှာ "

ဂျွန်က သူ့ဘေးနားကိုလာပြီး ပါးတွေကိုနစ်ဝင်သွားတဲ့အထိ
အသံထွက်အောင်နမ်းလေတော့ ထယ်ယောင်းကလည်း
သဘောကျလို့ တခစ်ခစ်ရယ်လေရဲ့ ။

Contrition ( Complete ) ✓Where stories live. Discover now