Epi - 7

6.6K 576 40
                                    

[Unicode]

ဂါယောင်း ။ မွန်ဂါယောင်း ။ ငွေမက်တယ် ၊ ဒေါသကြီးတယ် ၊ အထူးသဖြင့် ထယ်ယောင်းပိုင်ဆိုင်တာတွေ အမြဲလုယူတတ်တဲ့သူ ။ အပြင်ပန်းက လှပနေပေမယ့်
အတွင်းစိတ်က သူမဟုတ်တဲ့အတိုင်း ။ မိန်းအသား
တစ်ဦးလည်းဖြစ်တဲ့သူမကို ထယ်ယောင်း ထင်ထင်ပေါ်ပေါ်
တစ်ခါမှ မတုံ့ပြန်ဖူးခဲ့ ။

အခုလည်း သူ့ရှေ့မှာရွဲ့ပြနေတဲ့ သူမက ဂျွန့် လက်မောင်းကို
ခပ်တင်းတင်း ဆုပ်ကိုင်ထားလျက် ။

Flashback

ဆူညံနေတဲ့ကျောင်းဝန်းကြီးထဲ ကားပေါ်က ထယ်ယောင်း
ဆင်းလာတော့ အသံတွေတိတ်ဆိတ်ကုန်တယ် ။ ဂါယောင်း
ဆိုတဲ့ မိန်းကလေးက အလောတကြီး ထယ်ယောင်း နား
ပြေးလာပြီး ခပ်မာမာအသံနှင့် မေးသည် ။

" ထယ်ယောင်း ဆူ ဆူဟိုကနင့်ကိုဖွင့်ပြောတယ်ဆို
ဟုတ်လား "

မနေ့ကနေ့လည်ခင်းကြီး တစ်တန်းလုံးရှိနေတယ်အချိန်မှာ
ချစ်ကြောင်းဝန်ခံခဲ့တဲ့ဆူဟို ။ ခံစားချက်လည်းမရှိ ၊
သူ့အပေါ်သူငယ်ချင်းတစ်ဦးအဖြစ်ပဲနေချင်လို့ ငြင်းလိုက်တာ ။ ဒီနေ့အတန်းမတက်တဲ့ ဆူဟို့ ကိုလည်းအားနာမိသလို
မိမိကိုယ်တိုင်ကလည်း ဒီနေ့ကျောင်းကို ရှက်ရှက်နဲ့လာရ၏ ။

ဆူဟို ဆိုတာ ခပ်ချောချော စာတော်တဲ့ကောင်လေး ။
တစ်နည်းအားဖြင့် ဂါယောင်း ကဆူဟို့ကိုကြိုက်နေတာလေ ။
ကောင်လေးတွေကို ဂါယောင်း အလယ်တန်းဒုတိယနှစ်
လောက်ကတည်းက အရွယ်နဲ့မလိုက်အောင် ထည်လဲတွဲခဲ့တာ ။ အခုလက်ရှိလည်း ချစ်သူကောင်လေးရှိလျက်သားနဲ့
သူ့ဘာသာလာဖွင့်ပြောတဲ့ ဆူဟို နဲ့ပတ်သတ်ပြီး ထယ်ယောင်း
ကိုပြဿနာရှာမယ့်ပုံ ။

" ဟုတ်တယ် ငါငြင်းလိုက်တယ် "

" ထယ်ယောင်း နင် နင်ဘာလို့ဒီလောက် မြူစွယ်တော်ရတာလဲ "

" ငါဘာမှမလုပ်ဘူး သူ့ကငါ့ကိုချစ်ကြိုက်ကြောင်စ
ဖွင့်ပြောလာတာပဲရှိ‌တယ်လေ ဂါယောင်းရယ် "

" တောက်စ် !!! နင်ပိုင်တာတွေ တစ်နေ့ ငါလုယူပြမယ် "

တောက်ခေါက်ပြီး ထယ်ယောင်း ကိုလက်ညှိုးငေါက်ငေါက်
ထိုးကာ ဆောင့်ကြီးအောင့်ကြီးထွက်သွားတဲ့ သူမကို
ကြည့်ပြီး အံ့ဩလွန်းလို့ရယ်ပါ ။

Contrition ( Complete ) ✓Where stories live. Discover now