Epi - 10

7.8K 603 22
                                    

[Zawgyi]

ညနောက်ကျမှအိပ်ပြီး မနက်အစောကြီးနိုးပြန်လေတော့
မျက်ရိုးတွေက တဆစ်ဆစ်ကိုက်ခဲနေသည် ။ ဘေးက
လွတ်နေတဲ့နေရာကိုကြည့်ရင်း သူသက်ပြင်းချမိ၏ ။ ဂျွန်
ကိုစောင့်နေခဲ့‌ပေမယ့် ညကပြန်မရောက်လာခဲ့ပါ ။

ရုတ်တရတ်ဖုန်းဝင်လာလို့ ကြည့်လိုက်တော့ ဂါယောင်း ။
သူကဘာကိစ္စရှိလို့ ဖုန်းဆက်ရမှာလဲ ။ မဟုတ်မှလွဲရော
ညက ဂျွန်များ ဂါယောင်းဆီကို ....

" ကင်မ်ထယ်ယောင်း လား "

" အင်း "

" ဂျွန်ညတုန်းကအိပ်ရေးပျက်ထားလို့ ဆေး‌သောက်ပြီး
ခုမှအေးအေးဆေးဆေးအိပ်နေတယ် နင်အပိုအလုပ်တွေ
လုပ်နေဦးမှာစိုးလို့ စေတနာနဲ့ဖုန်းလှမ်းဆက်တာ "

" ..... "

သူအတန်တန်တောင်းဆိုထားလျက်နဲ့ ဒါလေးတစ်ခုပဲ
‌ဂါယောင်းဆီမသွားဖို့ပဲပြောမိထားတာ ။ ညကပင်ပန်းတယ်တဲ့ ဒီလိုစကားအသွားအလာတွေက
ဘယ်ကိုဦးတည်နေလဲ ။ ရွဲ့ရွဲ့စောင်းစောင်းပြောနေတဲ့
ဂါယောင်း ရဲ့စကားတွေကိုပြန်လဲမပြောချင်ပါ ။ ငိုသံပါနေတဲ့
သူ့အသံနဲ့ပြန်မဖြေချင်သလို ဖုန်းထဲကနေကိုယ့်အသံကို
ကြားရင် ဂျွန် သိပ်မုန်းတဲ့ကိုယ့်ကြောင့် ချစ်ရသူ
အိပ်ရေးပျက်သွားမှာ မလိုလား ။ ရင်နာတယ် ... အသဲထဲက
ကိုတဆတ်ဆတ်ခါအောင်နာတယ် ဂျွန်ရယ် ။ ကိုယ့်ချစ်သူ ၊
ကိုယ့်ခင်ပွန်းက မင်္ဂလာဦးညမှာ တခြားမိန်းကလေး
တစ်ယောက်နဲ့အတူတူရှိနေတယ်တဲ့လား ။

" အိုး ကင်မ်ထယ်ယောင်း အသက်မရှိတော့ဘူးထင်တယ်
အေးလေ သူ့ယောင်္ကျားဖြစ်တဲ့လူက ‌ပျော်ရွှင်ကြည်နူးနေတာ
နင်နဲ့မဟုတ်ပဲ ငါနဲ့လေ သနားစရာကောင်းလိုက်တဲ့
ငါ့သူငယ်ချင်းလေး ဘိုင့်ဘိုင်နော် မောင်ကငါ့ကိုဖတ်ထားတာ
ကျပ်လာပြီ "

တတီတီကျသွားတဲ့ဖုန်းကို စိုက်ကြည့်နေရင်း သူဘယ်လိုလုပ်ရမလဲ အဖြေမရှာနိုင်တော့ ။ ဒါပေမယ့်
ထယ့်မှာကြိုးစားဖို့ ရက်တွေလိုနေပါသေးတယ် ။ ဂါယောင်း
ကဘာမို့လို့လဲ ။ ထယ် မပြိုင်ရဲတဲ့လူတစ်ယောက်လား ။
ချစ်ရတဲ့သူကို သူမကအပိုင်သိမ်းထားနိုင်မှာမဟုတ်ဘူး ။
ဟုတ်တယ်နော်ဂျွန် ။ ထယ့်အချစ်‌တွေကို ဂျွန် တစ်နေ့
လက်ခံမှာ ။
______________________________

Contrition ( Complete ) ✓Where stories live. Discover now