Epi - 19

9.2K 619 21
                                    

[Unicode]

သူ့ကိုပိုပိုပြီးဂရိုစိုက်ပေးလာတဲ့ ဂျွန် ။ စိတ်ကတောက်ကဆ
ဖြစ်တာမရှိတဲ့အထိ သူတို့အိမ်ထောင်ရေးက အလွန်
သာယာနေခဲ့သည် ။ ပျော်ရွှင်နေတဲ့နှစ်ယောက်သားက
တစ်နေ့တစ်နေ့ ချစ်သူဘဝမှာလို ချစ်ကြောင်းကုန်စင်
သက်သေပြနေကြတုန်း ။ တစ်ယောက်နဲ့တစ်ယောက်ရဲ့
ခံစားချက်တွေဖွင့်ဟလို့ လူတိုင်းအားကျရလောက်တဲ့
အိမ်ထောင်ရေးတစ်ခုဖြစ်နေခဲ့တာ ။

" ထယ် ဆေးသောက်ဦး "

ရုံးခန်းထဲမှာ အလုပ်လုပ်နေတဲ့ ထယ်ယောင်း လည်တိုင်
ဖွေးဖွေးကိုစုပ်နမ်းကာပြောသည် ။ အခုတလော
အစားနည်းလာပြီး အလုပ်ဘက်ကိုပိုအရေးပေးနေတဲ့
ထယ့် ကိုသူသိပ်အားမရချင်လို့ အားဆေးကောင်းကောင်း
တိုက်ထားရသည် ။ ကိုယ်ချစ်ရတဲ့သူက အစကတည်းက
ချူချာတတ်ပြီး ပိန်ပိန်ပါးပါးခန္ဓာကိုယ်ရယ် ။ ဆရာဝန်
တစ်ယောက်ဖြစ်သူမို့ ထယ့် ကိုတတ်နိုင်သလောက်
ဘေးကနေဂရုစိုက်ပေးနေရသည် ။ အခုတလော အလုပ်ကိုပဲ
သဲကြီးမဲကြီးလုပ်နေလို့ နည်းနည်းတော့ စိတ်ကောက်ပေးရဦးမည်ထင် ။

" ကျေးဇူးပါဂျွန် ထယ် ဒါလေးလက်စသတ်ပြီးရင်
သောက်လိုက်ပါ့မယ် ဂျွန် လည်းအိပ်နှင့်တော့ "

မျက်နှာနဲ့က Screen မခွာသေးတဲ့ ဤကောင်လေးငယ်ကို
ကြည့်ရင်း ပါးဖောင်းဖောင်းကိုသာ ဆွဲညှစ်ချင်မိတော့သည် ။
အလိုလိုက်မှန်းသိတော့ ပိုပိုဆိုးလာတဲ့ ‌ကလေးပါရယ် ။
ပြီးတော့ သူက "ဂျွန်ကလည်း" ဆိုပြီး ခပ်အီအီချွဲလိုက်ရင်
အမြဲလက်လျော့ရသည်ချည်းသာ ။

" ကိုယ်စိတ်ဆိုးတော့မယ်နော် ထယ် ကကိုယ့်စကားကိုဆိုရင်
နားမထောင်တော့ဘူး "

" ဟင့် ထယ် ကနားမထောင်တာမဟုတ်ပါဘူး
ဒီအလုပ် ... အဲ့ "

ရှေ့က laptop ကိုပိတ်ချလိုက်တော့ အဲ့ ကနဲဆိုကာ
မျက်ဝန်းလေးပြူးကျယ်ပြီး သူ့ကိုမော့ကြည့်လာတဲ့ ထယ် ။
ပေါ့သေးသေးခန္ဓာကိုယ်ကို ချီမရင်းခါးတွင်ချိတ်တွယ်စေကာ
ဖောင်းကစ်နေတဲ့ မက်မွန်သီးကိုနှစ်ချက်လောက် ဆင့်ရိုက်ပစ်လိုက်သည် ။ ထိုအခါ ပုခုံးပေါ်မှေးတင်ပြီး
ဖားလေးတစ်ကောင်လို ဖက်တွယ်ထားတဲ့ ထယ်ယောင်း က
ဟင့် ကနဲ ။ ဒီကလေးဆိုးကို ခပ်ကြမ်းကြမ်းကိုင်တွယ်မှ
ရတော့မှာပါလေ ။

Contrition ( Complete ) ✓Where stories live. Discover now