Epi - 12

7K 580 22
                                    

[Unicode]

အိပ်‌ယာပေါ်မှာ ကွေးကွေးလေးအိပ်နေမိတဲ့ ထယ်ယောင်း ။
နေမကောင်းချင်တာရယ် ဆေးရုံမှာ ဂျွန် လုပ်ခဲ့တဲ့
လုပ်ရပ်တွေပေါင်းပြီး သူနေမကောင်းဖြစ်နေပြီဆိုတာ
လက်ခံလိုက်ရသည် ။ မူးဝေနေပြီးကိုက်ခဲနေတဲ့ခေါင်းရယ် ၊
မျက်ခွံတို့ကလည်းပူနေတာ သူ့ကိုမျက်လွှာချ‌ဖို့တောင်
အခွင့်အရေးမပေးပါ ။ ရေပါချိုးထားတော့ အေးစိမ့်ပြီး
တဟင်းဟင်းညီူးညူကာ စောင်ကိုဆွဲခြုံလိုက်သည် ။
ခန္ဓာကိုယ်ကစောင်အောက်မှာ ကွေးနေပြီး ပူခြစ်နေတဲ့
ကိုယ်အပူချိန်က နဖူးပေါ်လက်တင်မိတော့ ပိုသိသာသည် ။

ဖြူလွှလွှအင်္ကျီလေးနဲ့ထယ်ယောင်း အောက်ထပ်သို့
တစ်လှမ်းချင်းဆင်းလာသည် ။ ဒီအတိုင်းအိပ်ဖို့
လုပ်ထားပေမယ့် ဆေးမသောက်လိုက်ပဲ မသက်သာရင်
ပိုဆိုတော့မည်ထင် ။ လှေကားလက်ရန်းကို တဖြည်းဖြည်း
ကိုင်ရင်းဆင်းလာတဲ့ ထယ်ယောင်း သူရှေ့ကမြင်ကွင်းတွေ
ဝေဝါးနေပေမယ့် ဂျွန့် ကိုကောင်းကောင်းမြင်နေရတယ် ။

ဆေးရုံကပြန်လာတဲ့ ဂျွန် ကဖုန်း‌ပြောရင်း ရယ်မောကာနေသည် ။ ဆိုဖာပေါ်အပေါ်အင်္ကျီတွေချွတ်ရင်း
ဂျွန် ကသူ့ဘေးရောက်လာ၏ ။

" မ အအေးပတ်မယ်ဂရုစိုက် မောင်စိတ်မပူချင်ဘူး "

ချစ်ရသူရဲ့နှုတ်ဖျားက စကားတွေကြောင့် ထယ်ယောင်း
ရင်ထဲအောင့်သက်သက် ။ ဘေးက ဂျွန့် ရဲ့အင်္ကျီစလေး
ဆွဲရင်း အသံတိုးဖျော့ဖျော့နဲ့ ပြောမိသည် ။

" ဂျွန် ထယ့် ကိုဆေးဘူး ယူ‌ပေးပါလား "

ဆရာဝန်ဖြစ်တဲ့ဂျွန်က သူ့ကိုဂရုစိုက်မှုတွေမပေးရင်တောင်
ဒါလေးတော့ လက်လမ်းယူပေးမယ်မလား ။ ဖုန်းပြောနေရင်း
လာခိုင်းရလားဆိုပြီး ရွှေစိတ်တော်များဒေါသထွက်
သွားမလားလေ ။

" ဘာပြောလိုက်တယ် ?? "

ဖုန်းကိုဘေးနားခွာကာ မျက်နှာမဲ့ရင်းပြန်မေးတဲ့ ဂျွန် ။
လှေကားလက်ရန်းကိုမှီထားတဲ့ ထယ်ယောင်း ခေါင်းလေး
ပြန်ထောင်ပြီးပြောသည် ။

" ထယ် နေ မ‌ကောင်းလို့ ဆေး "

" အာ ဆောရီးမ ဒီမှာအရှုပ်ထုပ်တစ်ကောင်
လာရစ်နေလို့ "

Contrition ( Complete ) ✓Where stories live. Discover now