Extra 0.2

982 105 15
                                    

ချယ်ရင်း က ထယ်ယောင်းရဲ့ဘေးမှာထိုင်နေရင်း
သူမရဲ့စိတ်တွေကလည်း ဂယောက်ဂယက် ။ ရင်ထဲမှာ
ပူလောင်ပြီး စိတ်ညစ်နေတာကို သူမရှေ့က မျော့မျော့ပဲ
ကျန်တော့တဲ့ ပါးပါးကြောင့် ထုတ်မပြရဲ ။ ထယ်ဂုသာ
တစ်ခုခုဖြစ်သွားရင် ဆိုပြီးတွေးမိနေရင်းက ရေဘူးအဖုံး
ဖွင့်တာတောင် လက်တွေက တုန်ရီနေခဲ့သည် ။

" ပါး .... သမီး သူငယ်ချင်းတွေနဲ့ ထယ်ဂု ကို
မတွေ့တွေ့အောင်ရှာပေးမယ်နော် ပါးနော် "

ပြိုလဲကျနေတဲ့ ထယ်ယောင်းရဲ့ ခန္ဓာကိုယ်က ချယ်ရင်း
ပုခုံးပေါ်မှာ မှီတင်လို့ ။ ကမ်းလင့်ပေးလာတဲ့ ရေဘူးကို
တစ်ခဏဘေးဖယ်ကာ ပါးပေါ်စီးကျလာတဲ့ မျက်ရည်
ကြောင်းကို လက်ခုံဖြင့် ဆွဲသုတ်လိုက်သည် ။

" သမီးနဲ့သား ဘယ်နားမှာ ကွဲသွားတာလဲ ပါးပါးတို့
အဲ့ကိုသွားရ‌အောင် "

" ဒါပေမယ့် ဒယ်ဒီက ... "

ခဏနေရင်ပြန်လာခဲ့မယ်ဆိုပြီး ဘယ်ကိုမှမသွားခိုင်းထား
တဲ့ ဂျောင်ဂု ကို ချယ်ရင်း ကအမှတ်ရသွားပုံပေါ်သည် ။
တစ်လက်စတည်း မောင်ကဘေးနားမှာ မရှိနေလို့
ဟင့်ကနဲသာ ထိုင်ချပြီး ငိုလိုက်ချင်တော့တဲ့စိတ်ကို
အတော်ထိန်းထားရသည်မို့ လည်ပင်းတစ်ဝိုက်နဲ့
နှလုံးသားထဲမှာ သံဆူးကြိုးတွေအပတ်ခံထားရသလို ။
စိတ်ထဲမှာလည်း သားကြီးကိုအမြန်ပြန်‌တွေ့ပါစေဆိုပြီး
ရှိရှိသမျှ ဘုရားတွေကို ဆုတောင်းလျက် ။
_________________________________________

" ဟျောင်း .... "

ဂျောင်ဂု ရှေ့က အပြာရောင်အစတွေနဲ့ ပတ်ထားတဲ့
သေဆုံးသူအလောင်းတို့ကို ကြည့်ကာ ရင်ထဲ
တင်းကြပ်လာသည့်အခါ ဘေးက သက်ပြင်းမော
ချနေတဲ့ ဟျောင်း ကို အားကိုးသလိုကြည့်မိ၏ ။
အသက်ရှင်သန်ခြင်းနဲ့မစိမ်းသလို သေဆုံးခြင်းဆိုတဲ့
ဘဝနိဂုံးကိုလည်း ကိုယ်တိုင်ဖြတ်သန်းရမှာ မကြောက်
တာတောင် သားနဲ့သမီးတွေအတွက်တော့ တွေးတောင်
မတွေးကြည့်ရဲဖူးတဲ့အထိ သူက သေးသေးတင်မခံနိုင်ခဲ့တဲ့ ကလေးတွေထဲက သားကြီးအရင်းအချာ ။

" ဂျောင်ဂု ဟျောင်းက ထယ်ဂုလေးရဲ့ကံကိုယုံတယ်
ဒီလိုမျိုးအဖြစ်ခံမယ့်ကောင်မဟုတ်ဘူး သက်ဆိုင်ရာ
ကိုလည်း အကုန်အကြောင်းကြားပြီးပြီမလို့ နောက်ဆုံး
ရွေးချယ်စရာအနေနဲ့ ဒီကိုလာရှာတာပဲ ဟုတ်ပြီလား ...
ဂျောင်ဂု "

Contrition ( Complete ) ✓Where stories live. Discover now