Epi - 5

7K 605 2
                                    

[Unicode]

ဂျွန်နဲ့အတူမရှိရတော့တဲ့အချိန် ကိုယ့်အသားကျနေတဲ့
ဆိုးလ် ရဲ့အငွေ့အသက် ။ ကြားထဲမှာ ဖုန်းအမြဲပြောဖြစ်ပြီး
ချစ်သူရည်းစားလိုလို ထယ်ယောင်း ရင်ခုန်တတ်သေးတယ် ။
အရင်ထက်အလုပ်ပိုများနေတဲ့ ဂျွန် ကဒီနေ့ပြန်လာမယ်တဲ့ ။
မလှိမ့်တစ်ပတ်နဲ့ လေယာဉ်ချိန်မေးပြီး ဂျွန့်ကိုသွားကြိုဖို့
လုပ်ထားတာ ။ သူသိပ်လွမ်းနေပါပြီလေ ။

နှစ်နာရီကြာတော့မှ ပြီးသွားတဲ့အစည်းအဝေး ။ ပူထူနေတဲ့
ခေါင်းကြောင့် တစ်ခါတည်းခေါင်းပါလျှော်ပြီး သူအသင့်ပြင်
နေမိတယ် ။ အနောက်တိုင်းဝတ်စုံကိုမဝတ်ပဲ ပေါ့ပေါ့ပါးပါး
လေးဝတ်ပြီးအောက်ထပ်ကို ကပျာကယာဆင်းလာတော့
အိမ်ပြန်ရောက်လာတဲ့ ဟျောင်း နဲ့ဆုံသည် ။

" ငယ် သွားတော့မှာလား "

" ဟုတ် ဟျောင်းအတွက် ငယ်အကုန်ချက်ပြုတ်ထားပြီးပြီ "

" ကျေးဇူးပါငယ်ရယ် ထီးလေးဖြစ်ဖြစ်ယူသွားဦး
မိုးရွာမယ်ထင်တယ် "

" ယူသွားမှာမလို့ စိတ်ချပါဗျာ ချစ်တယ်နော် သွားပြီ
ဟျောင်း "

" အလျင်လိုနေတော့တာပါပဲလား ငယ်ရေ "

ဟျောင်း ရဲ့ပါးတစ်ဖတ်ကိုမွှေးကြူတော့ ပါးချိုင့်ထင်းထင်း
ကချစ်စရာ ။ အိမ်ရှေ့ကထီးတစ်ချောင်းကိုကောက်ယူပြီး
လတ်ပတ်နာရီကိုကြည့်ကာ သူကားမောင်းသွားလိုက်သည် ။
မိုးရွာလုဆဲဆဲကောင်းကင်ကြီးဟာ မဲမှောင်လို့ ။ ‌
လေအနည်းငယ်ကြမ်းနေတာမို့ ဂျွန့်ခရီးစဉ်အဆင်ပြေပါစေ
လို့တဖွဖွဆုတောင်းကာ သူလေဆိပ်ထဲထိုင်စောင့်နေမိသည် ။
ဂျွန့်ကိုကြိုပြောထားမဟုတ်လို့ မျက်လုံးရှင်ရှင်ထားရမည် ။
မဟုတ်လို့ ဂျွန်ကသူ့ကိုမတွေ့ပဲ ကျော်သွားရင် ဒုက္ခရောက်ရ
ချည်ရဲ့ ။

လေဆိပ်ထဲမှာ ပြန်ဆုံရလို့ပျော်ရွှင်နေကြသူတွေ ၊ ခွဲခွာရခါနီး
စိတ်မကောင်းဖြသူတွေနဲ့ သူတို့ဘေးကမိသားစုဝင် ၊ သူငယ်ချင်းတွေ ။ ကိုယ်ကနိုင်ငံခြားခရီးစဉ်ခဏခဏ
ထွက်ရပေမယ့် လာကြိုမယ့်သူနဲ့လိုက်ပို့မယ်သူက ဟျောင်း
တစ်ဦးတည်းသာ ။ အလုပ်များပြီး လောကထဲက
စောစောထွက်သွားတဲ့မိသားနှစ်ပါးချန်ခဲ့တဲ့ ဒီကုမ္ပဏီနဲ့
ဒီဆေးရုံကိုလက်ခံခဲ့‌ရတာ အတော်ပင်ပန်းသည် ။ အနည်းဆုံး
အလုပ်ရှုပ်နေလို့ လာမကြိုနိုင်ရင်တော့ အိမ်မှာသူ့အကြိုက်
ဟင်းပွဲတွေနဲ့ နွေးနွေးထွေးထွေးကြိုဆိုမယ့် ဟျောင်း တော့
ရှိသေးတာပဲလေ ။

Contrition ( Complete ) ✓Where stories live. Discover now