Extra ( final )

12.8K 623 49
                                    

[Unicode]

" ကောင်းကောင်းလောင်ကျွမ်းသွားလိုက်ပါ "

ခြံဝန်းထောင့်က မီတဟုန်းဟုန်းတောက်လောင်နေတဲ့
အမှိုက်ပုံးတစ်ခုထဲက ဒိုင်ယာရီစာအုပ်လေး ။ မွန်ဂါယောင်း
ဆိုတဲ့သူမရဲ့ဒိုင်ယာရီ ။ အနီရောင်အဖုံးရင့်ရင့်ထဲ
ရေးထားတဲ့စာလုံးပေါင်းတို့က ဒိုင်ယာရီရေးတတ်လေ့ရှိတဲ့
သူမရဲ့ယုတ်မာမှုတွေ ။ တစ်မျက်နှာချင်းစီမှာ ထယ်ယောင်း
ကိုအလဲထိုးမယ့်အစီအစဉ်တွေရယ် ထယ်ယောင်း
နာကျင်ရတိုင်းသူဘယ်လိုပျော်ရွှင်ရကြောင်း ပြစ်ပြစ်နှစ်နှစ်
ရေးသားထားသည်များသာ ။

ဂေဟာမှုးထည့်ပေးလိုက်တဲ့ ဒီစာအုပ်ကပါးပါးလက်ထဲ
မရောက်ပဲ လွယ်အိတ်လေးထဲထည့်‌သိမ်းထားလို့ ခုချိန်ထိတိုင်
ချယ်ရင်းရဲ့လက်ထဲမှာရှိတုန်း ။ စာတတ်မြောက်လာတဲ့
အချိန်မှာဖတ်ရင်း ကိုယ်ချစ်ရတဲ့ပါးပါးထယ်နဲ့ဒယ်ဒီဂျွန်
ကိုနာကျင်အောင်လုပ်ပြီး ပျော်ရွှင်တဲ့သူမကို အရမ်းမုန်းတီးမိတာ သူကကိုယ့်အမေအရင်းတဲ့လား ။ ဒီစာအုပ်ကြောင့်ပဲ ငါသူ့လိုမဖြစ်စေရဘူး ဆိုပြီးပိုကြိုးစား
မိခဲ့တာ ။ အမြဲတစေ ပူလောင်ပြီး လောင်မြိုက်နေရတာလေ ။
နောက်ဆုံးစာမျက်နှာမှာမှ သူမကတောင်းပန်စာရေးထားတာ
ဘယ်လောက်ရုပ်ပေါက်လိုက်လဲ ။

အခုတော့ ဒယ်ဒီဂျွန်ပြောသလို အချိန်အကုန်ခံပြီး
နာကျည်းမုန်းတီး‌မနေတော့ဘူး ။ ပါးပါးထယ် ရဲ့အမုန်းတွေ
ထပ်မပေါ်ပေါက်လာစေဖို့ လုပ်ပေးခဲ့တာကျေးဇူးတင်ပါ
ပြီးတော့ ဖြစ်စေချင်သလိုပဲ ခင်များနဲ့မတူတဲ့မိန်းကလေး
တစ်ယောက်အဖြစ်နေထိုင်သွားမှာမလို့ ။

တဖြည်းဖြည်းချင်း ပြာကျသွားတဲ့ ဤစာအုပ်ကို
မတ်တပ်ရပ်ရင်း သေချာစိုက်ကြည့်နေလိုက်သည်။

" ချယ်ရင်းလေးရေ !!! အဲ့မှာဘာလုပ်နေတာလဲ "

အိမ်ထဲဘက်က သူ့ကိုလှမ်းအော်ပြီး မေးတဲ့ပါးပါးကြောင့်
ကပျာကယာ အမူမရာကိုထိန်းကာ

" ချယ်ရင်းအေးလို့ မီးလှုံနေတာပါ "

" အိုက်ဂူးး ဘာလို့ဟိုးအဝေးကြီးကခြံထောင့်မှာ
မီးလှုံနေရတာလဲ နောက်နေ့မှမင်းတို့ဒယ်ဒီကို
ဒီနားမှာမီးပုံကြီးကြီးဖိုခိုင်းရမယ် "

Contrition ( Complete ) ✓Where stories live. Discover now