Epi - 15

8.7K 635 52
                                    

[Unicode]

ဒီနေ့ ထယ်ယောင်း ရော ကိုယ်ပါ အိမ်မှာရှိနေတဲ့နေ့ ။
Duty off ထားသလို ရုံးပိတ်ထားတော့ နှစ်ယောက်စလုံး
နားရက်ရနေကြသည် ။ ပုံမှန်ချိန်ပဲနိုးနေတဲ့ဂျောင်ဂု
သူ့ရုံးခန်းထဲကကုတင်မှာအိပ်ရာက အခန်းပြင်ထွက်လာတော့
‌‌အရှေ့ကလျှောက်လမ်းမှာ အိပ်ပျော်နေတဲ့ ထယ်ယောင်း
ကိုတွေ့သည် ။ ‌အောက်ကအခင်းခင်းထားပေမယ့်
စောင်ကိုဆွဲတင်ထားတော့ အေးစိမ့်နေပုံ ။ ဖက်ထုပ်လုံးလို
မျက်နှာလေးက ရဲတွတ်ပြီးဒီအချိန် သူ့မျက်နှာလေးက
ကလေးငယ်တစ်ယောက်လို ချစ်ဖို့ကောင်းလွန်းတယ် ။

" ဘာလဲ နေ့တိုင်းသူဒီမှာအိပ်ခဲ့တာလား "

မွေ့ယာပေါ်မှာအိပ်ရတဲ့သူတောင် တစ်ခါတစ်လေ
ကိုယ်လက်ကိုက်ခဲချင်တာ သူကရော အိပ်ရတာ အဆင်ပြေပါ့မလား ။ ပထမဆုံးနေ့ ရေနဲ့ပတ်နှိုးမိခဲ့တာ
ခေါင်းထဲပြန်ပေါ်လာတော့ ချက်ချင်းခေါင်းခါကာ
အတွေးတွေပြန်ထုတ်ပစ်ရသည် ။

" ထယ်ယောင်း ကင်မ်ထယ်ယောင်း ထတော့ "

သူ့မျက်လုံးအစုံကို ချက်ချင်းမဖွင့်နိုင်သေး ။ ခပ်မှေးမှေး
ကြည့်ကာမှ ရှေ့ကသူ့ကိုနှိုးနေတဲ့ ဂျွန့် ကိုမြင်သည် ။
ထိုအချိန်ကျမှသာ ရုံးပိတ်ရက်ဖြစ်ပြီး အေးဆေးအိပ်မိတာ
နောက်ကျသွားမှန်းသိ၍ ကုန်းရုန်းထရသည် ။ သူ့ထက်
စောနိုးနေတဲ့ဂျွန်က ကိုယ့်ကိုအိပ်ပုတ်ကြီးတယ်ဆိုပြီး
ရွှေစိတ်တော်‌ကောက်နေပါဦးမယ်လေ ။

တစ်စုံတစ်ယောက်ရဲ့ အလှစစ်က အိပ်ယာနိုးကာစ
အချိန်မှာပေါ်တယ်ဆိုတဲ့ စကား ။ အိပ်ရေးဝနေတဲ့
မျက်ဝန်းတို့ရယ် ပါးမို့မို့ကနီရဲရဲ ။ မျက်နှာလေးက
ဖြူဖွေးပြီးကြည်လင်နေသလို ပါးစပ်လေးကအငြိမ်မနေ ။
စုပ်ဖွားဖွားဆံပင်‌တို့နဲ့အတူ ထယ်ယောင်း ရဲ့ပုံစံက
အိပ်ယာထကာစ ကြက်ပေါက်လေးတစ်ကောင်လို ။

ဂျောင်ဂု ရှေ့ကကောင်ငယ်လေးကို စိုက်ကြည့်ရင်း
ရယ်မောကာ အိမ်အောက်ထပ်ဆင်းသွားသည် ။ နောက်မှာ
ကျန်‌ရစ်နေခဲ့တဲ့ကောင်လေးကတော့ မျက်လုံးတို့ပြန်မှိတ်ကာ
ထိုင်လျက်အိပ်နေပုံရသည် ။ ဂျောင်ဂု သူ့ကိုကြည့်ပြီး
ရယ်သွားတာသာသိရင် ပျာယာတွေခတ်နေဦးမှာပါလေ ။
__________________________________

Contrition ( Complete ) ✓Where stories live. Discover now