Extra - 3

7.2K 495 13
                                    

[Unicode]

" ချယ်ရင်းကြောင့်တဲ့လား မဟုတ်ပါဘူး ဒယ်ဒီတို့
ဒီအတိုင်းစကားများကြတာမလို့ သမီးကစိတ်ထဲထားမနေနဲ့ "

" ဒယ်ဒီ ... သမီး 14 နှစ်ရှိနေပြီ ကလေးမဟုတ်တော့ဘူး
ချယ်ရင်းကြောင့် ရန်ဖြစ်နေကြတာသိတယ် "

ချယ်ရင်းလေးရဲ့ ငိုရှိုက်ခြင်းတို့ရောထွေးနေတဲ့အသံကို
ထယ် ကကြားတော့ အခန်းထဲကအလောတကြီး
ထွက်လာပြီး ချယ်ရင်းကိုပွေ့ဖတ်သည် ။

" ပါးပါးရဲ့ချယ်ကြောင်းမဟုတ်ပါဘူး 
သမီးလေးကဒီတိုင်းပဲသိထားပေး နော် "

ဆံပင်နှစ်ဖတ်ခွစီးထားတဲ့သမီးရဲ့ခေါင်းလုံးလုံးကို ထယ်ယောင်း ရင်ခွင်ထဲထည့်ပြီး ပွတ်သပ်ပေးသလို
သူကိုယ်တိုင်လည်းမျက်ရည်ဆည်မရခဲ့ ။

" သမီးဒယ်ဒီနဲ့အောက်ကိုခဏလိုက်ခဲ့ "

ကလေးငယ်ရဲ့လက်ကိုခပ်ဖွဖွဆုပ်ကိုင်ရင်း ခေါ်သွားတဲ့
ဂျွန့် ကိုထယ်ယောင်း ကြည့်နေမိသည် ။ ရှုပ်ထွေးလွန်တဲ့
အခြေအနေကြား ဂျွန့်မျက်ဝန်းက သမီးကိုကြည့်ရင်း
သူ့ကိုယုံကြည်ပေးဖို့ ပြောဆိုနေတဲ့ အဓိပ္ပာယ်တွေ
ပါဝင်နေတယ် ။

" ငယ် !!! မင်းတို့ဘယ်လိုဖြစ်ကြတာလဲ "

ဝါဂွမ်းစောင်ထူထူနဲ့ပတ်ထားတဲ့ ဝူယောင်း ကိုချီရင်း
ဟျောင်း က Vante ရဲ့အခန်းထဲက ထွက်လာပြီး
နောက်မှာလိုက်လာတဲ့သားသား မျက်နှာမကောင်း ။

" ငယ်တို့ပြသနာတက်ကြတာပါ ဟျောင်း စိတ်မပူပါနဲ့
သားသားလည်းအခန်းထဲပြန်ဝင်ပြီးအိပ်တော့
ညီလေးကို ပါးပါးနို့တိုက်ပြီးပြန်လာပို့မှာမလို့ ညကျရင်ကြည့်ပေးပါဦး "

သားသား ကခေါင်းလေးငြိမ့်ကာ အခန်းထဲပြန်ဝင်သွားသည် ။
ထိုအခါမှစီးကျသွားတဲ့ မျက်ရည်တစ်စက်အား ခပ်ပြင်းပြင်း
ဆွဲသုတ်ပြီး ဟျောင်း ဆီက ဝူယောင်း လေးကိုလက်လွှဲပြီး
ပွေ့ချီမိ၏ ။

" ငယ် အိမ်ထောင်ရေးတစ်ခုမှာ ဒေါသကိုရှေ့တန်းတင်တာ
မကောင်းဘူး ခုနက Vante လေးဆို လန့်သွားတာ
ဝူယောင်းလေးလည်းထငိုတဲ့အထိပဲ ... အဲ့လို
အခြေအနေတွေရှုပ်ထွေးကုန်ပြီး ချယ်ရင်း လေးကပါ
သိသွားတော့ ဘာ‌တွေကများရှင်းလင်းသွားတာရှိလဲ "

Contrition ( Complete ) ✓Where stories live. Discover now