Epi - 26

8.1K 611 5
                                    

[Unicode]

မိဘမဲ့ဂေဟာကိုရောက်ပြီး
စစ်စတာတို့ဆီက Vante လေးကိုပြန်လာခေါ်ရသည် ။
အိပ်ပျော်နေတဲ့ကလေးငယ်က ဖိအိပ်ထားတာ
ပါးဖောင်းဖောင်းမှာ အရာလေးတွေတောင်ထင်လို့ ။

" ကစားပုံကတော့ ဂျောင်ဂုငယ်ငယ်ကအတိုင်းပဲ
အရမ်းကိုဆော့တာပဲ ငါးနာရီလောက်တုန်းကအိပ်ချင်တယ်
လာပြောလို့ သိပ်လိုက်တာ "

စစ်စတာရယ်သံစွက်ကာပြောရင်း ကလေးကို
လက်လွှဲပေးလိုက်သည် ။ ထယ်ယောင်း ကသားသားကို
ပုခုံးပေါ်ချီတင်လိုက်တော့ နင့်ကနဲ ။ သားသားရဲ့
လွယ်အိတ်လေးယူကာ စစ်စတာတို့ကိုနှုတ်ဆက်ပြီး
ကားပေါ်တက်လာခဲ့သည် ။

" ကျွတ်စ် ကျွတ်စ် ... သားသား အိပ် "

တဟင့်ဟင့်လုပ်လာတဲ့ ကလေးငယ်ရဲ့ဖင်လေးကို
ခပ်ဖွဖွပုတ်သိပ်ပေးရင်း ပြန်သိပ်ပေးတော့ ဟင်းကနဲ
ငြိမ်ကျပြီးပြန်အိပ်သွားတာ ။ ပါးဖောင်းဖောင်းကို
နမ်းပြီး ကားရှေ့းခန်းပြန်ထိုင်ကာ အိမ်ကိုပဲ
မောင်းလိုက်တော့သည် ။

အမှန် ထယ်ယောင်း လည်းချက်ချင်း အချိန်အပြောင်းအလဲ
ကိုအသားမကျသေး ။ မနေ့ကလည်းကောင်းကောင်းမအိပ်ရ
လန်ဒန်မှာဆိုတစ်ရေးရနေတဲ့အချိန်မို့ သူအတော်ပင်ပန်းနေပြီ ။ ဒါပေမယ့် နောက်ခန်းက Vante လေး သူ့ဘာသာ
အေးအေးချမ်းချမ်း အိပ်နေတာမြင်ရတော့ သူပါ
အနည်းငယ်စိတ်သက်သာရာရသည် ။
_______________________________

" အိုးးး သားနိုးနေတာလား "

အိမ်ပြန်ရောက်လို့ ကားတံခါးဖွင့်မယ်ကြံသေး အနောက်မှာ
ငုတ်တုတ်လေးထိုင်နေတဲ့သားသားက မျက်လုံးလေး
မပွင့်တပွင့် ။ ပါးစပ်လေးဟ ကာထယ်ယောင်းကို
အိပ်ချင်မူးတူးကြည့်နေပြီး နိုးလာတာအတော်မကြာသေးပုံ ။

" ပါး ချီပါ "

" Yeah Sweetheart "

ကိုယ့်ပေါ်ကိုဖားလေးတစ်ကောင်လို ကုပ်တက်နေတဲ့
ကလေးငယ်ရဲ့နဖူးကိုနမ်းရင်း တစ်ဖတ်ကအထုပ်ကိုဆွဲကာ
အိမ်ထဲဝင်လာခဲ့သည် ။

ဟျောင်း ကသူ့အခန်းထဲမှာ အလုပ်လုပ်နေမှာမလို့
အပြင်ကနေ ပြန်ရောက်လာပြီလို့လှမ်းအော်ရုံသာ ။

Contrition ( Complete ) ✓Where stories live. Discover now