Chapter 1

2.1K 149 23
                                    

Tue, Sep 7, 2021

[ UNICODE ]

Prunus persi ဆိုတဲ့ မက်မွန်အရသာ ဘရန်ဒီက ကျိဝမ့် ဘားသွားတဲ့အခါတိုင်း သောက်နေကျ အရက်တစ်မျိုးဖြစ်သည်။ စုန့်ကယ် ကျိဝမ့်အဲ့ဒီ့အရက်မှာတာကို ပထမဆုံးတွေ့ခဲ့စဉ်က သူ့ကိုကြောက်စရာ အကြိုက်မျိုးရှိတယ်ဆိုပြီး လှောင်ပြောင်ခဲ့ဖူးသည်။ သို့သော် ငါးနှစ်အကြာမှာတော့ ထူးဆန်းတယ်ဆိုတဲ့အမြင် ပျောက်သွားတော့၏။

Prunus persi ဆိုတဲ့ မက်မွန်အရသာ ဘရန်ဒီက ကျိဝမ့် ဘားသွားတဲ့အခါတိုင်း သောက်နေကျ အရက်တစ်မျိုးဖြစ်သည်။ စုန့်ကယ် ကျိဝမ့်အဲ့ဒီ့အရက်မှာတာကို ပထမဆုံးတွေ့ခဲ့စဉ်က သူ့ကိုကြောက်စရာ အကြိုက်မျိုးရှိတယ်ဆိုပြီး လှောင်ပြောင်ခဲ့ဖူးသည်။ သို့သော် ငါးနှစ်အကြာမှာတော့ ထ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.


ကျိဝမ့် အလုပ်ဆင်းပြီးပြီးချင်းမှာပဲ စုန့်ကယ်ကို ဆုံနေကျနေရာမှာတွေ့ဖို့ ခေါ်လိုက်သည်။

သူတို့နှစ်ယောက် အရက်သောက်ရင်း စကားပြောနေကြတုန်း ဘားသီချင်းက (မိုးသောက်ယံထိ) ဆိုသော ချီပေါ်ယန်ရဲ့နောက်ဆုံးပေါ်ပြူလာသီချင်းဆီ ‌ပြောင်းလဲသွားသည်။

စုန့်ကယ်က သံစဉ်အတိုင်း သီချင်းလိုက်ညည်းရင်း ကျိဝမ့်ကိုမေးလိုက်သည်။

" မင်းလည်း ဖျော်ဖြေရေးနယ်ပယ်မှာ ကျင်လည်နေတာပဲမလား? ချီပေါ်ယန်နဲ့ မဆုံဖူးဘူးလား? "

ကျိဝမ့်က သူ့အရက်ကို တစ်ငုံသောက်လိုက်ပြီး ဘားကောင်တာမှာ လက်ထောက်ရင်း စုန့်ကယ်ကို လှမ်းကြည့်လိုက်သည်။

" ငါ့လိုသရုပ်ဆောင်လေးက ဘယ်လိုလုပ် အဲ့လိုအနုပညာရှင်ကြီး တစ်ယောက်နဲ့ တွေ့နိုင်မှာလဲ? "

အရက်မူးနေတဲ့ ကျိဝမ့်က သာ၍ပင်ဆွဲဆောင်မှုရှိနေသည်။

စုန့်ကယ်က beta ဖြစ်နေရင်တောင် ကျိဝမ့်မျက်လုံးတွေကြောင့် ‌ဦးရေပြားထုံကျဉ်သွားရသည်။ ပတ်ပတ်လည်ကို ကြည့်လိုက်တော့လည်း omega တွေအများကြီး သူတို့ဘက် အာရုံရောက်နေကြပြီဖြစ်၏။

Give upWhere stories live. Discover now