Chapter 10

386 94 2
                                    

Mon, Oct 18, 2021

Translator - Breeze | Typeset/ edit - Lynx

=====

ဒါရိုက်တာက 'ကဒ်' လို့အော်လိုက်ပြီးနောက် ကျိုးလဲ့က ကျီးဝမ့်ကိုလှမ်းခေါ်ကာ ဘာဖြစ်နေတာလဲလို့ မေးလာသည်။ မနေ့ကအထိသရုပ်ဆောင်ပိုင်းက ကောင်းနေပြီးကာမှ ဒီနေ့သူ့ပုံစံက စိတ်မနစ်ဝင်သလိုပင်။

ချီပေါ်ယန်က သူ့ထက်တောင်ပိုလို့ဆိုးနေတာ သိသာလှသည်။ သို့သော်ကျိုးလဲ့က ချီပေါ်ယန်ကိုတော့ မပြောရဲတာကြောင့် သူ့ကိုသာအပစ်ပုံချပြီး‌ တိုက်ခိုက်တော့သည်။ ကျီးဝမ့်က ရိုးသားစွာပင် ခေါင်းငုံ့နေလိုက်ပြီး အဆူခံနေရသည်။

"ဒါရိုက်တာကြီး ကျွန်တော့်ကို အခွင့်အရေးတစ်ခုလောက်ထပ်ပေးပါ။ ဒီတစ်ခါတော့သေချာလေးလုပ်ပါ့မယ် "

ခြေသံတစ်ခု သူ့အနောက်ဘက်က ထွက်ပေါ်လာပြီး၊ ၎င်းက ချီပေါ်ယန်ဖြစ်သည်ကို အလွယ်တကူပင်သိနိုင်သည်။ ဘာကြောင့်လဲဆိုတော့ ချီပေါ်ယန်ဝတ်ထားတဲ့ ဖိနပ်ရဲ့ ခြေချောင်းထိပ်အဖုံးကို သံဖြင့်ပြုလုပ်ထားကာ ခြေလှမ်းလိုက်တိုင်း တမူထူးခြားသောအသံထွက်ပေါ်နေသောကြောင့်ပင်။ ကျီးဝမ့်က အတော်ကြာအောင် နားထောင်ပြီးနောက်မှာတော့ ထိုအသံကိုမှတ်မိနေပြီ ဖြစ်သည်။

သူကိုယ်တိုင်တောင် မသိလိုက်ပါဘဲ သူ့ကျောတွေ တောင့်မတ်သွားရသည်။ ချီပေါ်ယန်ကသူ့အနောက်ကနေ လှမ်းပြောလိုက်သည်။

" ထားလိုက်ပါတော့ဒါရိုက်တာကြီး ဒီအခန်းကို မရိုက်တော့ဘူး "

ဒါကချီပေါ်ယန်ရဲ့ Music videoဖြစ်ပြီး ချီပေါ်ယန်ရဲ့ ကုမ္ပဏီက ရိုက်ကူးရေးကုန်ကျစရိုက်စိုက်ထုတ်ပေးထားတာဖြစ်သည်။ သို့သော်လည်း ချီပေါ်ယန်ရဲ့လက်လွတ်စပယ် ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါမှာတော့ ကျိုးလဲ့မျက်နှာမဲမှောင်သွားတော့၏။

ကျိုးလဲ့က မီးစထပ်ကာ ထည့်လိုက်သည်။

" အကုန်စီစဉ်ပြီးပြီ၊ ရိုက်လိုက်တာပိုကောင်းတယ်။ အဲ့လိုမှမဟုတ်ရင် ဒီဇာတ်ကွက်က‌ အရမ်းဖြုန်းတီးသလို ဖြစ်သွားလိမ့်မယ် "

Give upWhere stories live. Discover now