Chapter 8

427 91 7
                                    

Wed, Oct 13, 2021

Translator - Breeze | Typeset/ edit - Lynx

=====

[ UNICODE ]

ဇိမ်ခံဟိုတယ်ခန်းကြီးထဲက ဆိုဖာပေါ်မှာ ရှောင်ရှုတစ်ယောက်ထိုင်ရင်း၊ စိတ်လှုပ်ရှားစွာ ခြေထောက်တွေလှုပ်နေမိသည်။ လွန်ခဲ့တဲ့ တစ်နာရီလောက်ကတည်းက သူ့ရဲ့စူးစမ်းချင်နေတဲ့စိတ်ကို လှုပ်နှိုးနေသည်မှာ တစ်ရာ့ရှစ်ကြိမ်လောက်ရှိနေပြီဖြစ်သည်။

ချီ‌ပေါ်ယန် အခန်းရှေ့ရုတ်တရက်ပေါ်လာတုန်းကဆိုရင် သူ့မှာကြက်သေသေသွားခဲ့ရပြီး ချီပေါ်ယန်က သူ့မှာရိုက်ကူးရေးနဲ့ပတ်သက်ပြီး ကျီးဝမ့်အားမေးစရာရှိကြောင်းပြောခဲ့သည်။

နာမည်ကြီးစတားလေးက အရမ်းကိုယဉ်ကျေးပြနေတော့ ရှောင်ရှုခဏတာလောက် သတိလွတ်သွားပြီး သူအသိပြန်ဝင်လာတဲ့ အခါမှာတော့ ချီပေါ်ယန်ရဲ့လက်ထောက် လိဖန်က သူ့ကို ချီပေါ်ယန်ရဲ့အခန်းထဲခေါ်ဆောင်သွားနှင့်နေပြီဖြစ်သည်။

လိဖန်ကမကြာခင်မှာပဲ သူ့အတွက်ကော်ဖီတစ်ခွက်ဖျော်လာပေးကာ အလုပ်ကိစ္စတချို့နဲ့ အနုပညာလောကအတင်းအဖျင်းတစ်ချို့ပြောပြသည်။

အစမှာတော့ ရှောင်ရှု ဘာမှဝင်မပြောမပြုပေမယ့် အချိန်ကြာလာတဲ့အခါမှာတော့ သူ့ခေါင်းမူးနောက်လာပြီဖြစ်သည်။ အခုအချိန်ဆို ချီပေါ်ယန်လည်း ကျီးဝမ့်ဆီကအကြံဉာဏ်တွေတောင်းနေလောက်မှာပင်။

ကျီးဝမ့်က သရုပ်ဆောင်ကောင်းတစ်ယောက် ဆိုသော်ငြားလည်း သိပ်မအောင်မြင်ပေ။ ထိုအချိန်မှာ ချီပေါ်ယန်ရဲ့ခြေတွေလက်တွေကကျီးဝမ့်ကိုဖက်တွယ်ထားပြီး စကားတွေပြောနေခဲ့တဲ့ မြင်ကွင်းကိုပြန်သတိရသွားသည်။ အဲ့အနုပညာရှင်က ကျီးဝမ့်ကိုဘာမကောင်းတာ‌တွေများလုပ်မလို့ပါလိမ့်။ လိဖန်ကကော်ဖီသောက်ရင်းပြုံးပြီး သူ့ကိုမေးလာသည်။

"ဒါနဲ့ ဆရာကျီးရဲ့ ကျောင်းဝင်းဒရမ်မာက လက်တလောနာမည်ကြီးနေတယ်နော်"

တစ်စုံတစ်ယောက်က ကျီးဝမ့်ရဲ့အကြောင်းကိုချဲ့ကားပြောနေတာ ကြားလိုက်ရတဲ့အခါမှာတော့ ရှောင်ရှုရဲ့ကျောတွေတန်းမတ်သွားပြီး၊

Give upWhere stories live. Discover now