Chapter 4

546 127 6
                                    

Tue, Sep 21, 2021

Translator - JD_breeze | Edit & typesetter - Lynx

{ Unicode }

ကျီးဝမ့် ဖြည်းဖြည်းချင်း ခေါင်းလှည့်လိုက်ပြီး ဘေးကို ရှောင်ပေးလိုက်သည်။ ချွေးစက်တွေက နှဖူးပေါ်ကတဆင့် မျက်လုံးထဲဝင်ရောက်လာပြီး စူးအောင့်ကာ နာကျင်လာသည်။ သတ္တုခါးပတ်နဲ့ငွေ‌လှံထိပ်တို့ ထိခတ်သံ ကျယ်လောင်စွာ ထွက်ပေါ်လာပြီး ခါးပတ်က ကျီးဝမ့်ခါးပေါ် ပြန်ရောက်လာကာ ဖြည်းဖြည်း လှုပ်ခါသွားသည်။

မြင်းခွာသံက ကျီးဝမ့်ဘေးလမ်းပေါ်ကနေ ဖြတ်သန်းသွားပြီး၊ သူရဲကောင်းဝတ်ရုံကအလင်းပြန်ကာ ထိုရောင်ပြန်က ကျီးဝမ့်ရဲ့ရှက်သွေးဖြာနေတဲ့ မျက်ဝန်းထောင့်ပေါ် ကျရောက်လာသည်။

ချီပေါ်ယန်ရဲ့အကြည့်တွေက မရွေ့မလျားဘဲ ကျီးဝမ့်ဆီသို့သာ အာရုံစူးစိုက်နေသည်။ ထိုအချိန်မှာပဲ သရုပ်ဆောင်မင်းသမီးက ထီးအသေးလေးကိုင်ရင်း ချီပေါ်ယန်ကိုနှုတ်ဆက်လိုက်၏။

ကျီးဝမ့် ခြေနှစ်လှမ်းလောက် နောက်ဆုတ်လိုက်သည်။ ဒီနေရာက သူသရုပ်ဆောင်ရမယ့် အခန်းမရှိသလို သူရှိနေသင့်သည်နေရာလည်းမဟုတ်။ သူ ရှောင်ရှုနားကို လျှောက်သွားလိုက်တော့ ရှောင်ရှုက ချီပေါ်ယန်ဘက်ကိုကြည့်နေရင်း ကျီးဝမ့် သူ့အနားရောက်လာတာကိုသိထားမိကာ တိုးတိုးလေး ပြောလာသည်။

" ဘုရားရေ အစ်ကို ချီပေါ်ယန်ရဲ့ကိုယ်ရောင်ကိုယ်ဝါက တောက်ပနေတာပဲ အရမ်းချောတယ်"

ဒါကိုကြားပြီး ချီပေါ်ယန်က မမေးဘဲမနေနိုင်တော့။

" သူကချောလား ငါကချောလား?" 

ရှောင်ရှုက တံတွေးသီးမလိုတောင်ဖြစ်သွားသည်။ အမှန်တရားကိုပြောရမလား အသက်ရှင်ဖို့ရွေးချယ်ရမလားလို့စဉ်းစားပြီး သူက ဒုတိယတစ်ခုကိုရွေးချယ်လိုက်သည်။

"အစ်ကိုဝမ့်ရယ် အစ်ကိုကလည်းချောပါတယ်။ သူနဲ့ကပုံစံချင်းမှမတူတာ"

သေချာတာက ရှောင်ရှုလိမ်နေတာတော့မဟုတ်ပါ။ ကျီးဝမ့်ရဲ့အာရုံငါးပါးက အလွန်အမင်းကောင်းမွန်ပြီး သူတို့နှစ်ယောက်ရဲ့ကွာခြားမှုကတော့ ကိုယ်ယောင်ကိုယ်ဝါဖြစ်သည်။

Give upWhere stories live. Discover now