Chapter 12

429 92 7
                                    

Sat, Oct 30, 2021

Translator - Breeze | Typeset/ edit - Noon

====

[ UNICODE ]

စိတ်ညစ်ရတယ်? သူဘယ်လောက်စိတ်ညစ်ခဲ့ရလဲဆိုတာစဉ်းစားမိသည့်အခါ ကျီးဝမ့်ခါးခါးသီးသီးရယ်မိလုနီးပါးပင်။ သူအကြိမ်ကြိမ်အခါခါ သည်းခံခဲ့ရသည်။ သူ့ကိုအခုချိန်ထိတောင် ပြက်ရယ်ပြုချင်နေသေးသည်မှာ ဝါသနာတစ်ခုကဲ့သို့ပင်။ နောက်တစ်ခါလက်စားချေဖို့ရန် ဆင်ခြေတွေဖြင့်အထောက်အပံ့ပြုနေသလိုပင်။

ချီပေါ်ယန်သည် သူ့အပေါ် အားနာစိတ်ဝင်ခဲ့ရဲ့လား?

ဟုတ်ကောင်းဟုတ်နိုင်ပါရဲ့။ သူ ချီပေါ်ယန်အား ထွက်သွားခိုင်းသည့်အချိန်တွင် ချီပေါ်ယန်သည် နောက်သို့တစ်ခဏလေးတောင်လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ထိုအချိန်တုန်းက သူဘယ်လောက်တောင်မှ တုံးအနေခဲ့သလဲ? အတိတ်တုန်းကချီပေါ်ယန်ကသာ သူ့ကိုအခုလိုမျိုးအရှက်မရှိတွယ်ကပ်နေမယ်ဆိုပါက ကျီးဝမ့်က သူ့ကိုခွင့်လွှတ်ကောင်းခွင့်လွှတ်မိလိမ့်မည်။ အဘယ့်ကြောင့်ဆိုသော် အချစ်ကလူတွေရဲ့စိတ်ကိုမိန်းမောတွေဝေစေပြီး လိုလိုလားလားကိုမိုက်မဲသွားစေသောကြောင့်ဖြစ်သည်။

ကျီးဝမ့်ကအေးစက်စက်ဖြင့်ပြောလိုက်သည် "ဘာလို့ငါ့ကို‌အဲ့လောက်တောင် သည်းမခံနိုင်အောင်လုပ်နေတာလဲ"

သူ့ရင်ဘက်တွေပေါ်မှာ လူးလားသွားလာနေသည့် ချီပေါ်ယန်၏လက်များသည် ရပ်တန့်လို့သွားရသည်။" သည်းမခံနိုင်ဘူး?"

ကျီးဝမ့်၏အင်္ကျီထဲကသူ့လက်တွေကို ဆွဲထုတ်လိုက်သည်။ သူ့လက်ဖဝါးပေါ်ကအနွေးဓာတ်လေးနှင့် ဝေးကွာသွားသည့်အခါမှာတော့ ကျီးဝမ့်၏ရင်ဘတ်ဟာ အနည်းငယ်အေးစက်မှုကိုခံစားလိုက်ရသည်။

"ဟုတ်ပါတယ်လေ ကိုကိုက Omegaတစ်ယောက်ကိုပဲ ရင်ထဲနှလုံးသားကနေရှာချင်နေတာမလား။ Alphaတစ်ယောက်ဆိုရင်တော့သည်းမခံနိုင်ဘူးပေါ့လေ" ချီပေါ်ယန်က ပြက်ရယ်ပြုသည်။

ကျီးဝမ့်က ရှင်းပြမနေတော့ပါ။ သူထင်ချင်သလို ထင်ပါစေ။ အကယ်၍ ဒီအကြောင်းပြချက်ကသာ ကိုယ့်ကိုကိုယ်သိပ်တန်ဖိုးထားလွန်းသည့်ချီပေါ်ယန်အား အဝေးသို့တွန်းထုတ်လိုက်နိုင်လျှင် အကောင်းဆုံးပင်ဖြစ်သည်။

Give upWhere stories live. Discover now