Chapter 6

415 107 10
                                    

{ Unicode }

Wed, Oct 6, 2021
Translator - Breeze | Typeset/edit - Lynx

=======


အဲ့ဒီအချိန်မှာပဲ ကျီးဝမ့်ရဲ့အသက်ရှုနှုန်းတွေ ရပ်တန့်သွားပြီး အဆုံးမရှိတဲ့ဒေါသတွေ ပေါက်ကွဲထွက်လာသည်။ ဒီနှစ်တွေအတွင်းမှာ ခက်ခဲမှုတွေကို ကိုယ်တိုင်‌သည်းခံနိုင်ခြင်းရှိအောင်သာ မကြိုးစားမိခဲ့ဘူးဆိုရင် သူအခုချိန်မှာ ဓားကိုပစ်ချပြီး ရိုက်ကွင်းကနှုတ်ထွက်သွားမှာဖြစ်သည်။

ဒီအတိုင်းသာဆို ချီပေါ်ယန်က အစကတည်းက သူ့ကိုမှတ်မိနေခဲ့တာဖြစ်ပြီး သူ့ခါးမှာလှံကိုထောက်ခဲ့တာရော၊ သူ့မျက်နှာဖုံးပေါ်မှာသွေးကိုသုတ်ခဲ့တာရောက တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာဖြစ်ရမည်။

ဘာလို့လဲ? သူ(ကျီးဝမ့်)ဘယ်လောက်တောင် အဆင်မပြေဖြစ်နေနိုင်မလဲဆိုတာကို တွေ့ချင်နေတာလား?

သူအလွန်အမင်းအံ့ဩနေတုန်းမှာပဲ ချီပေါ်ယန်ရဲ့လက်က ထက်ရှတဲ့ဓားသွားတစ်လျှောက် နိမ့်ဆင့်သွားပြီး သူ့ခန္ဓာကိုယ်အပေါ်ပိုင်း ခါးပေါ်တွင်ရပ်တန့်သွားကာ သဘောရှိတိုင်းထိကိုင်ထားသည်။

ချီပေါ်ယန်က သူ့အပြုအမူဘယ်လောက်တောင် မသင့်လျော်လဲဆိုတာကို သိပုံမရပေ။

"ဒီလိုဖုံးကွယ်ထားရုံနဲ့ ကျွန်တော်က ခင်ဗျားကိုမမှတ်မိနိုင်တော့ဘူးလို့ထင်နေတာလား?" ချီပေါ်ယန်ရဲ့အသံမှာပျော်ရွှင်ရိပ်တွေ စွန်းထင်းနေသည်။

ပြောပြီးနောက်မှာတော့ ချီပေါ်ယန်ရဲ့အကြည့်တွေက ကျီးဝမ့်ရဲ့ ခါးနဲ့ဝမ်းဗိုက်ပိုင်းဆီသို့ သက်ဆင်းသွားသည်။ "ပိန်သွားတယ်"

ကျီးဝမ့်‌ဆက်ပြီး သည်းမခံနိုင်တော့တာကြောင့် ချီးပေါ်ယန်ရဲ့လက်တွေကိုရိုက်ထုတ်လိုက်ကာ နောက်ကို ခြေလှမ်းအနည်းငယ်လောက်ဆုတ်လိုက်သည်။ ဘေးပတ်ဝန်းကျင်ကို တစ်ချက်အကဲခတ်ကြည့်လိုက်တော့ သူထင်ထားသည့်အတိုင်းပင် သူတို့နှစ်ယောက်ကို မေးမြန်းစပ်စုချင်သည့်ပုံစံမျိုးဖြင့်ကြည့်နေကြပြီး ရှောင်ရှုကပိုပြီးတော့တောင် အံ့အားသင့်နေပုံပေါ်သည်။

Give upWhere stories live. Discover now