Chapter 9

474 97 10
                                    

Wed, Oct 13, 2021

Translator - Breeze | Typeset/ edit - Lynx

=====

[ UNICODE ]

လိဖန်ဆေးယူပြီး ပြန်ရောက်လာတဲ့အခါမှာတော့ ချီပေါ်ယန်က သူ့အခန်းထဲ ပြန်ရောက်နေပြီဖြစ်ကာပြင်သစ်ပြတင်းပေါက်ရှေ့ မတ်တပ်ရပ်ကာ အရက်တစ်ခွက်သောက်နေသည်။

သူ့မျက်နှာက အရိုက်ခံထားရပြီး အယောင်မကျသေးတာတောင်မှ သူ့စိတ်အခြေအနေက ဆိုရွားနေပုံမပေါ်ပေ။

လိဖန်ကလျှောက်လာပြီး ဆေးကမ်းပေးလိုက်သည်။ ချီပေါ်ယန်က အခြားသူတွေ သူ့ကိုထိတွေ့တာကို မနှစ်သက်ပေ။ ကိုယ်ရေးကိုယ်တာ လက်ထောက်တစ်ယောက်အနေနဲ့ လိဖန်က အလုပ်လုပ်ရတဲ့ရက်တွေမှာ ဒီကိစ္စတွေကို ကိုင်တွယ်ဖြေရှင်းပေးရသည်။

သူ ကျီးဝမ့်လက်ထောက်ဆီက ကြားလာတဲ့စကားတွေကို တစ်ဆင့်ပြန်လည်ပြောပြရင်း၊ ခန့်မှန်းရေရွတ်လိုက်သည်။" လူကြီးမင်းကျီးဘေးမှာ ဘယ်သူမှရှိမနေပါဘူး"

လိဖန် ရယ်သံသဲ့သဲ့ ကြားလိုက်ရပြီး၊ သံသယဖြစ်ဖြစ်နဲ့ ကြည့်လိုက်တော့ ချီပေါ်ယန်မျက်လုံးထဲက ပျော်ရွှင်ရိပ်များကို တွေ့လိုက်ရသည်။

" ချစ်ဖို့ကောင်းတယ်လို့ မထင်ဘူးလား?"

ဒီလောက်အရပ်ရှည်ပြီး ချောမောလှတဲ့ လူကြီးမင်းကျီးကို ဘယ်သူကများ ချစ်ဖို့ကောင်းတယ်လို့ ထင်မှာလဲ? လိဖန် ဘာမျှတော့ပြန်မဖြေခဲ့ပေ။

ချီပေါ်ယန်က ဝိုင်သောက်လိုက်ရင်း။ " ဆူထွက်နေတဲ့ နှုတ်ခမ်းလေးနဲ့ ဒေါသထွက်နေတဲ့ မျက်နှာလေး ကြည့်လို့အရမ်းကောင်းတာပဲ "

ချီပေါ်ယန်က လိဖန်ဆီကစကားပြန် လိုချင်လို့မဟုတ်၊ သူ့ကိုယ်သူပြောနေခြင်းသာဖြစ်သည်။

သူဝိုင်ခွက်ကို ချလိုက်ပြီး၊ Spray (ဖြန်းဆေး) ထုတ်ကာ ဒဏ်ရာပေါ်ဖြန်းလိုက်သည်။ " မနက်ဖြန်သူ့ကို စတူရီယိုဆီ လိုက်ပို့ပေးဖို့မမေ့နဲ့၊ ပြီးတော့ထွက်မပြေးစေနဲ့ "

Spray ဖြန်းပြီးတဲ့နောက် ချီပေါ်ယန်က ပုံပျက်ကြေမွနေတဲ့ စီးကရက်ကို အိတ်ကပ်ထဲက ထုတ်ယူလိုက်ကြောင်း လိဖန်‌တွေ့လိုက်ရသည်။

Give upWhere stories live. Discover now