Chapter 7

500 117 2
                                    

{ UNICODE }

Thu, Oct 7, 2021
Translator - Breeze | Typeset/edit - Lynx

======

တကယ်ဆို ကျီးဝမ့်သာပိုပေါင်းသင်းရလွယ်ရင်၊ ဒါမှမဟုတ် ပိုလွပ်လပ်ပြီး လွယ်ကူနေမယ်ဆိုရင် သူဒီညချီပေါ်ယန်နဲ့ အိပ်လိုက်ပြီး နောက်နေ့ သူနဲ့တွဲလိုက်လို့ရသည်။

ကံမကောင်းတာက ကျီးဝမ့်ကထိုသို့မလုပ်နိုင်ပါ။ ထို့ကြောင့် ချီပေါ်ယန်ကစိတ်ပျက်သွားရသည်။

ချီပေါ်ယန်ပြောသလိုပင် သူအခုထိချီပေါ်ယန်ကို မမေ့နိုင်သေးတာ မှန်ပေမယ့် နေ့ရော၊ညပါ တွေးနေမိတာမျိုးတော့မဟုတ်ပေ။ တကယ့်ကို မသင့်တော်တဲ့ အချိန်မျိုးတွေမှာသာ သတိရမိတာဖြစ်သည်။

အရက်သောက်တဲ့အချိန်၊ ရေချိုးတဲ့အချိန်၊ လက်ချောင်းပေါ်က အမာရွတ်အဝိုင်းလေးကို ကြည့်မိတဲ့အချိန်။

နောက်တစ်ခုက ကျီးဝမ့်မေ့ပစ်လိုက်ချင်ရင်တောင် သူ့မှာ‌မေ့ပစ်လိုက်ဖို့၊ ရေရာတဲ့အကြောင်းပြချက်မျိုးရှိမနေပေ။

သူဘယ်ကိုပဲသွားသွား၊ ချီပေါ်ယန်ရဲ့ ကြော်ငြာဓာတ်ပုံတွေရှိနေပြီး၊ Weibo, Moment နဲ့ အမျိုးမျိုးသော software application တွေမှာ ထိုအမျိုးသားကို သူ့နေ့စဉ်ဘဝရဲ့နေရာတိုင်းမှာ တွေ့နေရစမြဲဖြစ်သည်။

ဒီနေ့မှာတော့ ချီပေါ်ယန်သူ့အရှေ့ကိုရောက်လာခဲ့သည်။ သူ့ရဲ့လက်တစ်ကမ်းအလိုလေးမှာပင်။

ချီပေါ်ယန်ရဲ့ချောမောလှတဲ့ မျက်နှာလေးကို သူလက်ပေါ်မှာမှီထားပြီး မျက်လုံးတွေက သူ့ကိုစိုက်ကြည့်နေလေသည်။ ပျော်ရွှင်မှုကိုတောင်းခံနေပုံရကာ အရမ်းကိုမှ ဆွဲဆောင်မှုရှိလွန်း၏။ ကမ္ဘာပေါ်မှာ ချီပေါ်ယန်ကို ငြင်းဆိုနိုင်သူရှိမယ်ဆိုလျှင် ထိုသူကချီပေါ်ယန်နဲ့ မအိပ်နိုင်သည့် ကျီးဝမ့်သာဖြစ်လိမ့်မည်။

ကျီးဝမ့်က ချီပေါ်ယန်ရဲ့မေးစေ့ကိုအားနဲ့ညှစ်လိုက်သော်လည်း ချီပေါ်ယန် မျက်နှာအမူအရာကတော့ပြောင်းလဲသွားခြင်းမရှိ။ သူကကျီးဝမ့်ကိုသာ ယုံကြည်ချက်ရှိရှိ ကြည့်နေပြီး၊ ကျီးဝမ့် သူ့ကိုအနမ်းပေးလာမည်ကို စောင့်ဆိုင်းနေလျက်၊ သူ့ကိုချစ်လာဖို့ မျှော်လင့်နေသည့်ပုံပင်။

Give upWhere stories live. Discover now