Chapter 2

670 124 3
                                    

Thu, Sep 16, 2021

Translator - JD_breeze
Edit & typesetter - Reilynx

=====

ဘားကထွက်လာပြီး‌နောက် စုန့်ကယ်က ကျီးဝမ့်ကို အိတ်တစ်အိတ် ကမ်းပေးလာသည်။

" Happy birthday, ဒါမင်းအတွက်လက်ဆောင်"

"Happy birthday" ဆိုတဲ့စကားက ကျီးဝမ့်အတွက်တော့ အတိတ်ကအကြောင်းအရာတွေကို ပြန်လည်အမှတ်ရစေသည်။ ထိုနေ့ညက ချီပေါ်ယန်ရဲ့ အလွန်အကျွံထိတွေ့ခဲ့မှုအကြောင်းစဉ်းစားမိပြီး ကျီးဝမ့်သူ့အစာအိမ်ထဲက အရက်တွေကိုပါ အန်ထွက်ချင်မိတဲ့အထိ ဖြစ်သွားသည်။

ကျီးဝမ့်က နူးညံ့တဲ့အပြုံးလေးနဲ့ပဲ စုန့်ကယ်ဆီကအိတ်ကို လက်ခံလိုက်ပြီး

" ကျေးဇူးပဲ နောက်တစ်ခါကျမှ မင်းကိုတစ်ဝိုင်းဧည့်ခံမယ်"

‌စုန့်ကယ်က ပုခုံးတွန့်လိုက်ပြီး

" အေးပါကွာ အဲ့ဒီနောက်တစ်ခါက ဘယ်အချိန်လဲဆိုတာ ဘယ်သူသိမှာလဲ? နောက်ဆိုမင်းကသေချာပေါက် အလုပ်တွေများတော့မှာလေ"

ကျိီးဝမ့်ကတော့ အဲ့လိုမထင်ပေ။

" မဟုတ်တာတွေ၊ ငါက ဒရမ်မာသာမရိုက်ရရင် ဘာမှလုပ်စရာမရှိတာ မင်းလည်းသိသားပဲ"

စုန့်ကယ်က ကျီးဝမ့် ပွဲဦးစထွက်ကတည်းက အောင်မြင်လာဖို့ အကြီးကြီးမျှော်လင့်ထားခဲ့တာဖြစ်ပြီး သူ ကျီးဝမ့်ကိုဆက်ပြောလိုက်၏။

" မင်းက ဒီလောက်ချောနေတာ ဘာလို့ နာမည်မကြီးရမှာလဲ?"

အမှန်အတိုင်းပြောရရင် ကျီးဝမ့်ကအရမ်းကြီးမအောင်မြင်သလို အောင်မြင်ကျော်ကြားဖို့လည်း စိတ်အားထက်သန်မှုမရှိပေ။ သူ့အတွက်တော့ သရုပ်ဆောင်အလုပ်က စားဝတ်နေရေး ဖြေရှင်းဖို့အတွက် သက်သက်သာဖြစ်သည်။

ကျီးဝမ့် စုန့်ကယ်ကိုနှုတ်ဆက်လိုက်ပြီး တက္ကစီပေါ်မှာပဲ စုန့်ကယ်လက်ဆောင်ကို ဖွင့်ကြည့်လိုက်တော့ အထဲမှာ Pheromone ရေမွှေးဘူးကိုတွေ့လိုက်ရပြီး ထိုမြင်ကွင်းကြောင့် ကျီးဝမ့် ခဏလောက် ဆွံ့အသွားမိသည်။ သူ အဲ့ဒီ Pheromone ရေမွှေးဘူး ကိုဓာတ်ပုံရိုက်ပြီး "?" သင်္ကေတ နဲ့အတူပုံကို Wechat ကနေ စုန့်ကယ်ဆီပို့လိုက်သည်။

Give upWhere stories live. Discover now