Chapter 3

556 121 6
                                    

Translated - Sep 17 | Edited - Sep 20
Translator - Jd_breeze | Edit & typesetting - Lynx

{ UNICODE }

နောက်တစ်နေ့မှာတော့ ကျီးဝမ့် ကုမ္ပဏီကိုသွားခဲ့ပြီး အောက်ထပ်ကိုရောက်တဲ့အချိန် လူတချို့ရဲ့ လက်မှတ်ထိုးပေးဖို့၊ ဓာတ်ပုံရိုက်ပေးဖို့အတွက် အသည်းအသန်တောင်းဆိုခံလိုက်ရပြီးတဲ့နောက် သူ့ကိုယ်သူနာမည်ကြီးတစ်ယောက်လို့ မသက်မသာခံစားလိုက်ရသည်။

သူ အစ်မဟုန်ကိုရှာတွေ့တော့ သူမက ဖုန်းပြောရင်းအလုပ်များနေပြီး ကျီးဝမ့်ကိုတွေ့တဲ့အခါ အချက်အလက်ဖိုင်ကို ယူလာပေးသည်။

ကျီးဝမ့် စာရွက်လှန်ကြည့်လိုက်တော့ ဒါက ရသစုံရှိုးအသစ်ဆိုပေမယ့် အကြောင်းအရာကတော့ရိုးရှင်းပြီး အဓိက,ကတော့ ဧည့်သည်တွေကြားထဲက အချင်းချင်းသဟဇာတမျှတမှုကို အခြေခံထားခြင်းဖြစ်သည်။

မင်းသာ စကားပြောပြီးပြုံးပြလေလေ ပိုပြီးပွင့်လင်းလေလေ ကြည့်ရှုသူက မင်းကိုပိုပြီးသဘောကျလေဖြစ်သည်။ ကျီးဝမ့်က အခကြေးငွေပမာဏကိုသာအာရုံစိုက်လိုက်ပြီး နောက်ဆုံးတော့ သဘောတူလက်မှတ်ထိုးလိုက်တော့သည်။

စုစုပေါင်း အပိုင်း၁၀ပိုင်းပါဝင်ပြီး နောက်ထပ် season ရိုက်ဖြစ်မရိုက်ဖြစ်ကတော့ ကြည့်ရှုသူအရေအတွက်အပေါ်သာ မူတည်သည်။ သူလက်မှတ်ထိုးပြီးတဲ့အခါ အစ်မဟုန်က ဖုန်းပြောလို့ပြီးနေပြီဖြစ်ပြီး ကျီးဝမ့်ကို သာယာစွာပြောလိုက်သည်။

" ငါ မင်းအတွက် ကြော်ငြာတစ်ခုလက်ခံထားတယ်၊ ဒါပေမယ့် မင်းက အဓိကဇာတ်ဆောင်တော့မဟုတ်ဘူး"

ကျီးဝမ့်က ရှင်းရှင်းပဲပြောလိုက်သည်။

"ကျွန်တော် ပိုက်ဆံဘယ်လောက်ရမှာလဲ"

အစ်မဟုန် သူ့ကိုဆူတော့သည်။

" တစ်နေ့လုံး ပိုက်ဆံ ပိုက်ဆံ ပိုက်ဆံ အဲ့လောက်တောင်ပိုက်ဆံပြတ်လတ်နေလို့လား?"

ကျီးဝမ့်က ခါးသက်သက် ပြုံးလိုက်ပြီး

" အစ်မရယ် ကျွန်တော့်မှာ အကြွေးပေးစရာရှိသေးတယ်၊ အခုထိကားလည်းမရှိသေးဘူး၊ ကုမ္ပဏီကလည်း တစ်စီးလောက် မစီစဉ်ပေးဘူးလေ"

Give upWhere stories live. Discover now