Chapter 5

563 122 10
                                    

Translation - JD_breeze | Typesetting - Lynx
Translated - 26,9,2021 | Edited - 27, 9,2021

{ UNICODE }

ကျီးဝမ့်ရဲ့မျက်ခုံးတွေ မြင့်တက်သွားသည်။ ဖြစ်နိုင်ရင် သူပါးစပ်ဟပြီး ချီပေါ်ယန် လက်တွေကို ကိုက်ချပစ်လိုက်ချင်သည်။ သို့သော်လည်း ဒီနာမည်ကြီးကြယ်ပွင့်လေးက သူ့လက်ကို မိုးထိမြင့်လောက်တဲ့ အာမခံမျိုး လုပ်ထားနိုင်လားဆိုတာ သူမသိပေ။

ချီပေါ်ယန်က ကျီးဝမ့်မျက်လုံးထဲက ဒေါသအငွေ့အသက်ကို ခံစားမိသွားပုံရပြီး လက်ကိုအနည်းငယ်အားပိုထည့်ကာ စိတ်ဝင်တစားမေးလာသည်။

"ကျွန်တော့်လက်ကို ကိုက်ချင်လို့လား?"

သတိထားမိသွားတာလား? သတိမထားမိဘူးလား? သူမှတ်မိသွားလို့ဒီလိုတွေပြောနေတာလား ဒါကတော်တော်လေးဆိုဝါးလွန်းတယ်။ မမှတ်မိတာများလား? ဒီလူသာဖြစ်နေလို့ကတော့ esturs (Heat ) ဖြစ်စေမှာသေချာတယ် စိတ်ပျက်ဖို့ကောင်းလိုက်တာ။

ယခုလိုလူပေါင်းများစွာရှိတဲ့ ရိုက်ကွင်းမှာ ချီပေါ်ယန်ရဲ့ သိသိသာသာရန်စမှုက လူတိုင်းရဲ့အာရုံကိုဖမ်းစားသွားပြီး ကျီးဝမ့် ချီပေါ်ယန်ရဲ့လက်တွေကို တွန်းထုတ်လိုက်သည်။ သူ့ကိုရန်မစဘဲ အေးဆေးနေလို့ မရဘူးလား? သူ ခပ်တိုးတိုးတောင်းပန်စကား ဆိုလိုက်ရင်း ပလာစတာသွားယူမယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ရိုက်ကွင်းကနေ ခဏထွက်လာခဲ့သည်။ ကျီးဝမ့်က သူ့အားနဲ့ဆွဲကိုင်ခံလိုက်ရတဲ့မေးစေ့ကို မထိဝံ့ပေ။ သူ ခေါင်းငုံ့ကာ လျှောက်နေရင်း ရှောင်ရှုအတားခံလိုက်ရသည်။

"အစ်ကိုဝမ့် အဆင်ပြေရဲ့လား? "

ကျီးဝမ့်က တွေဝေမှုအနည်းငယ်မှ ပါဝင်မနေဘဲ တည်ငြိမ်နေတဲ့ မျက်လုံးတွေကို ပင့်မော့လိုက်ရင်း အေးအေးဆေးဆေး ပြောလိုက်သည်။

"အဆင်ပြေတယ်။ အနာကပ်ပလာစတာရှိလား? ချီပေါ်ယန်ဒဏ်ရာရသွားလို့ "

ရှောင်ရှု သူတို့နှစ်ယောက်ရဲ့ဆက်ဆံရေး ဘာလို့ မရေမရာဖြစ်နေလဲဆိုတာ နားမလည်နိုင်ဖြစ်နေပြီး သူတစ်ကိုယ်တည်း အတွေးလွန်နေတယ်လို့သာ ခံစားလိုက်ရသည်။ အစ်ကိုဝမ့်နဲ့ ချီပေါ်ယန်တို့က Alphaတွေပဲလေ ဘာတွေများဖြစ်နိုင်ရဦးမှာလဲ။

Give upWhere stories live. Discover now