Chapter 13

1.1K 110 10
                                    

Sat, Oct 30, 2021

Translator - Breeze | Typeset/ edit - Lynx

=====

[ UNICODE ]

ကျီးဝမ့်အိမ်ပြန်ရောက်တဲ့အချိန်ထိ တွေဝေနေတုန်းဖြစ်ပြီး၊ ဒီလောက်လွယ်ကူနေလိမ့်မယ်လို့ သူမထင်ထားခဲ့ပေ။ ဒါက ချီပေါ်ယန်ကသူ့ကို စကားပြောတာကလွဲလို့ ကျန်တဲ့ ကိုယ်ထိလက်ရောက် အပြုအမူများ လုပ်လိမ့်မည်မဟုတ်ဟုသက်သေပြနေ၏။

သူ အစ်မဟုန်ကိုဖုန်းခေါ်ဆိုလိုက်ပြီး Music videoရိုက်ကူးရေးနဲ့ပတ်သက်တဲ့ ကိစ္စမေးလိုက်သည်။ အစ်မဟုန်က ထူးထူးဆန်းဆန်းပြောလာသည်။

"ဘာဖြစ်လို့လဲ? ရိုက်ကူးရေးလုပ်နေတုန်း တစ်ခုခုများဖြစ်ခဲ့လို့လား? " 

ကျီးဝမ့်ပြောပြဖို့ အနည်းငယ်ခက်ခဲလို့နေသော်လည်း ဆက်မေးလိုက်သည်။ "ကျွန်တော်နဲ့ရိုက်ကူးဖို့ Party A ကသတ်မှတ်ခဲ့တာလား?"

အစ်မဟုန်းက ပြုံးလိုက်ပြီး၊ "ရှောင်ကျီး မင်းရဲ့အစ်မငါက အမြဲမင်းကိုအောင်မြင်ကျော်ကြားစေချင်တာ မင်းသိတယ်မလား? ဒါပေမယ့်ဒီတစ်ခါက Party A ကမင်းကိုရွေးချယ်ခဲ့တာမဟုတ်ဘူး။ လူရွေးတဲ့ဒါရိုက်တာနဲ့ အစ်မညစာစားတုန်းက မင်းလက်တလောပါဝင်ထားတဲ့ရှိုးတစ်ခုကို WeChatကနေသူ့ကိုပြလိုက်တော့ သူကမင်းကိုရွေးချယ်သတ်မှတ်ခဲ့တာ"

အစ်မဟုန်းက သူ့ကိုနှစ်သိမ့်သည်။ " ပြီးတော့လည်း မင်းကအခုမှကြိုးစားရုန်းကန်နေရတုန်းလေ၊ မင်းမှာတက်လမ်းရှိတဲ့ အလုပ်သာမရှိရင် အစ်မလည်းမင်းကိုတွန်းအားပေးလို့မရဘူး"

" အဲဒါက ချီပေါ်ယန်ရဲ့ Music videoလေ။ အဲ့မှာပါဝင်ချင်တဲ့လူတွေ ဘယ်လောက်တောင်များလိုက်သလဲ? မင်းအတင်းတိုးဝင်ရင်တောင် ပါဝင်နိုင်မှာမဟုတ်ဘူး။ ဒါပေမယ့် ရှောင်ကျီး စိတ်ဓာတ်မကျနဲ့၊ နောင်အနာဂတ်မှာမင်းက ချီပေါ်ယန်ထက်ပိုပြီး နာမည်ကြီးလာမှာပါ" အစ်မဟုန်းက သူ့အနုပညာရှင်လေးအား အစွမ်းကုန် ချီးမွမ်းလေသည်။

ကျီးဝမ့်ကတော့မရယ်နိုင်ပေ။ သူစိတ်မပါစွာဖြင့် အစ်မဟုန်းရဲ့ကြိုးစားမှုကို ကျေးဇူးတင်လိုက်သည်။ နောက်တော့ ဖုန်းတောင်ဘယ်လိုချပစ်ရမလဲ မသိတော့ပေ။

You've reached the end of published parts.

⏰ Last updated: Oct 29, 2021 ⏰

Add this story to your Library to get notified about new parts!

Give upWhere stories live. Discover now