Part25(uni+zawgyi)

2.8K 103 24
                                    

Uni

"နက် နက်ဘာလို့ငိုနေတာလဲ"

ကိုက်နေတဲ့ခေါင်းပါ ဘယ်ရောက်သွားမှန်းမသိတော့
ခန်ထယ်ဝါမေးလိုက်တော့

"ဟင် ကိုကိုမသေဘူးလား အားဟား တော်သေးတာပေါ့ နက်က နက်က ကိုကို့ကိုသေပြီထင်လို့ ဟီးအီး"
"ဟင် "

ဒီကလေးနှယ် အလန့်တခြား မိုးလင်းစောစောစီးစီး

"ဟုတ်တယ်လေ မနက်က နက်နိုးလာတော့ နက်ကို လက်ပူပူကြီးဖက်ထားလို့ဆိုပြီးကြည့်လိုက်တာ ကိုကိုဖြစ်နေတာ ဟင့် ကိုကိုပူနေမှာပဲဆိုပြီး အင့် နက်က အင့် Aircon ဖွင့်ပေးတော့ ကိုကိုက အင့်ချမ်းလို့စောင်ခြုံတယ် အသားတွေက အင့် ပူချစ်နေတာကို အင့် စောင်ခြုံထားရင်သေသွားမှာစိုးလို့ အင့် နက်ကဖယ်လိုက်တော့ အင့် ကိုကိုကမလှုပ်တော့ဘူးဟီးအီး"

သူ့ဟာသူပြော သူ့ဟာသူဝမ်းနည်းပြီးငိုနေတာ ရှိုက်တောင်နေတယ်

"ကိုငိုနေမကောင်းချင်သလိုဖြစ်နေလို့ပါနက်ရယ်"

"ဘာနေမကောင်းတာလဲ နက်နှိုးတော့လဲ မထဘူး နက်က ဟင့် နက်ကသေသွားပြီထင်လို့ ဟင့် "

"ဟားဟား ကိုကိုသေမှာတော်တော်ကြောက်တယ်ပေါ့လေ"

"ကြောက်တာပေါ့ ကိုကိုကသေနေပြီး ဖေဖေနဲ့ကြီးမြကလည်းမနိုးသေးတော့ နက်တစ်ယောက်တည်း အလော င်းကြီးဘေးနားမှာဆိုတော့ အီးဟီး ကိုကိုက သရဲဖြစ်ပြီး နက်ကိုဂုတ်ချိုးသတ်သွားရင်ဘယ်လိုလုပ်မလဲ"

"အင်"

သေစမ်း ကိုယ့်မှာတော့ သူလေးကိုယ့်ကိုစိတ်ပူနေတယ်လေဆိုပြီး ပီတိတွေဖြာနေတာ သူကဂုတ်ချိုးသတ်မှာစိုးလို့ငိုတာတဲ့လေ ကိုယ်တောင်သေပြီးသရဲဖြစ်ပေးရဦးမယ် ကောင်းကွာ

"နက်ကလည်းကွာ ကိုကိုက နေမကောင်းလို့ပါ မငိုနဲ့တိတ်တော့ ကိုကိုမနက်စာထမစားနိုင်လောက်ဘူးထင်တယ် ကိုကိုထပ်အိပ်လိုက်ဦးမယ် နက်ပဲသွားစားနှင့်တော့နော်"

"ကိုကိုကဖျားနေတာလေ ဆန်ပြုတ်သောက်လိုက်ပါလား နက်ပြုတ်လာပေးမယ်လေနော် ခုထပ်အိပ်လိုက်ဦးနော် ဆန်ပြုတ်ကျက်ရင် နှိုးလိုက်မယ်နော်"

တစ်ချက်လေး စောင်းငဲ့ကြည့်ဦးWhere stories live. Discover now