အချစ်များစွာဖြင့်(အပိုင်း၂)

4.1K 82 0
                                    

[ZAWGYI]
အထုပ်တွေများစွာကိုငေးကြည့်နေတုန်း နောက်ကနေ အမေက သားရောင်နီပြန်လာပြီလားဆိုတဲ့မေးခွန်းကို

ဟုတ်ကဲ့ ကျနော် အမေတို့အတွက် စားစရာနဲ့လက်ဆောင်ဝယ်လာပေးတာဟုပြန်ပြောရင်းအမေက 'မိနှောင်း သားအတွက်ရေသွားခပ်လိုက်လေ ယောက်ျားအပြင်က ပြန်လာတာကို 'ဟု အမေပြောတော့

ရပါတယ် အမေ နှောင်းကိုမဆူပါနဲ့ ကျနော်ရေမဆာသလို မမောပါဘူးဗျပြန်​ဖြေတော့

နှောင်းစိတ်ထဲမှာ ကိုယ့်ကိုကို ခင်မို့မို့အေး တောင်ထင်မိသွားတယ် ယောက်ခမနဲ့ သမက်ကြားမှာ သမီးရင်းက ဒဿဂီရိလေ။

ခနကြာ​တော့ အမေက 'မိနှောင်းရေ 'ဆိုပြီး အိပ်ခန်းထဲ ဝင်လာကာ သူ့လက်ထဲက ပစ္စည်းကို လက်ထဲအတင်းထိုးထည့်ပြီး
အိပ်ရာအောက်မှာထားအိပ်ဆိုပြီး ကြည့်လိုက်တော့ ဂွမ်းကပ်အိပ်လေး။

အမေ့ကို ဘာလဲဆိုတော့ အမေက အဆောင်တဲ့ ။ နှောင်းနားမလည်သေးခင်အမေက 'ဒါ  သားဆုပန်တဲ့အဆောင်အမေ ဆရာကြီးဆီကတယကူးတက သွားတောင်းထားတာ အိပ်ရင်ခေါင်းအုံးအောက် အိပ်ရာအောက်ထားအိပ်ရင် ဆေးစွမ်းက ၂လမကူးဘူးတဲ့ နင့်အဒေါ်မြဝင်းဆီကတောင်းလာတာ´

ဆိုပြီးပြောသောအမေ့မှာဝမ်းသာအားရ။ နှောင်းတော့မျက်နှာမကောင်းပေ။သို့သော် ဟုတ်ကဲ့ပါဟူ၍သာပြန်ဖြေခဲ့မိသည်။

ညနေရောက်တော့အမေတို့ကပြန်သွားသည် အလုပ်ကိစ္စဖြင့်သာလာတာဆိုတော့ ဆွဲထားလို့လည်းမရ။နှောင်းတို့မိသားစုမှာက ဖေဖေက နှလုံးအထူးကု မေမေကကျ အထက်တန်းပြဆရာမ မမကျပြန်တော့လည်း ရှေ့နေကောင်းတယောက်ဖြင့်ကျော်ကြားလျက်။

နှောင်းတယောက်ထဲဘဲ ဒီလိုဖြစ်နေတာ တွေးရင်းပင် မျက်ရည်များကျလာမိသည်။

ဒေါက်...ဒေါက်

တံခါးခေါက်သံကြား၍မျက်ရည်များကို သုတ်လိုက်သော်လည်း အခန်းထဲဝင်လာသူက မြင်မိအောင်မြင်သွားသေးသည်။

'နှောင်း..ငိုနေတာလား..ဘာလို့လဲ'

စိုးရိမ်စွာမေးလာသူကို လျစ်လျူရူလျက် ခေါင်းခါပြမိသည်။

အချစ်များစွာဖြင့် Where stories live. Discover now