ချစ်ခြင်းများစွာဖြင့် (အပိုင်း ၆)

1.2K 50 0
                                    

[ ZAWGYI ]

တီ..တီ..

'သူဌေး ဥက္ကဌကြီး ၀င်လာ...´

ဂျောက်....

စကားပင်မဆုံးသေး ၀င်လာသူကြောင့် ရောင်နီ ထရပ်မိသည်။

ပထမဆုံး ပြောသည့်စကားမှာ
'ေ-ာက်သုံးမကျတဲ့ကောင်´

သူ၏ဖခင်သည် သူ့အားချီးကျူးစကားတခွန်းပင်မပြောဖူးခဲ့။သူ့ကိုနှိမ်ခဲ့ ရိုက်ခဲ့သော်လည်း ဖေဖေသည် သူ့အား  အရုဏ်ဉီးကို ဆက်ခံစေသည်။ သူသည် ၅နှစ်လုံးလုံး ကြိုးစားခဲ့သောကြောင့် အရုဏ်ဉီးသည် မြန်မာ့ ထိပ်တန်းဝင်  ကုမ္မဏီ ဖြစ်လာသော်ငှား ဖေဖေသည်  ချီးကျူးစကားတခွန်းပင် မပြော။သူအမှားနဲနဲလုပ်မိသည်နှင့်ဖေဖေသည် သူ့အားနှုတ်ဖြင့်သတ်သည်မှာ အကြိမ်ကြိမ်ပင်။

' မင်းကိုငါက အားကိုးရမလားဆိုပြီးအားကိုးကာမှ မင်းကဘာသဘောလဲအခု ဘယ်သူ့မှမမှားနိုင်တဲ့ အမှားကို ဟားကွာ   တောက်စ်   ငါရှက်တယ် ရောင်နီ  ငါရှက်တယ်  မင်းကို  ငါ့သားလို့ပြောရမှာတောင်ရှက်တယ်
ေ-ာက်ဖြစ်မရှိတဲ့ကောင်´

'ဘာကိုရှက်တာလဲ  အခုသတင်းထွက်နေတဲ့ကိစ္စကိုလား ဒါမှမဟုတ်  မေမေ့ကြောင့်လား တခုပြောရမလား အဖေပေးတဲ့ အရုဏ်ဉီးနဲ့ ကျတော်ရဲ့ အရုဏ်ဉီး ဘာကွာသွားလဲသိလား´

'ဘာကွ ´

' အကုန်ကွာတယ်
ကျနော့်က တည်ထောင်သူတယောက်မဟုတ်ခဲ့ပေမဲ့ အဖေအမွေအဖြစ်ပေးခဲ့တဲ့ အရုဏ်ဉီးကအခွံဘဲရှိတာလေ
ကျနော့်ကိုအဖေက  အမှိုက်မဟုတ်တဲ့ အခွံဘဲပေးခဲ့တာလေ
ကျနော်အစကနေအခုထိ  ကျနော်ကြိုးစားလာခဲ့ရတယ် အခုလည်းကြိုးစားရုန်းကန်နေတာဘဲ  ကျနော် လက်လည်းမလျော့နိုင်ဘူး  ဆဲမလို့လာတာမလား   ဆဲ
ကြိုက်သလောက်သာဆဲ  ပြီးရင်လာရာလမ်းပြန်လိုက်ပါ
ဉီးနေလင်းခင်ဗျ ´

'မင်းရိုင်းလိုက်ချည်လား   အင်း ငါမှားတာ
မင်းကို ငါ့သွေးပါလို့ ငါနဲ့တူမယ်ထင်တာ  လတ်စသတ်တော့ မင်းအမေလိုဘဲ အမျိုးယုတ်´

' ကျနော့်အမေကိုစော်ကားစရာ ခင်ဗျားမှ အခွင့်အရေးမရှိဘူး ပြီးတော့ ကျတော်က အဖေ့သွေးပါလို့ လူစိတ်မရှိတာနေမယ် ´

အချစ်များစွာဖြင့် Where stories live. Discover now