အချစ်များစွာဖြင့်(အပိုင်း၅)

1.5K 57 0
                                    

[ Zawgyi ]

အပြည်ပြည်ဆိုင်ရာ လေဆိပ်ကနေ လျှို့ဝှက်ချက်များစွာဖြင့်ပြန်လာသူ။ သူထွက်လာသည်နှင့်

'Boss'

'စီစဉ်ခိုင်းတာပြီးပြီလား'

'ဟုတ်ကဲ့ bossခိုင်းတဲ့အတိုင်းလုပ်ပြီးပါပြီ ခုချိန်ဆို သူလည်း ကျနော်တို့သတင်းကို သိပြီးပြီထင်တယ်'

'ဘယ်ကိုမောင်းရမလဲ boss'

'အိမ်ကြီးဆီမောင်း'

'ဟုတ်ကဲ့'

ရောင်ခြည် အိမ်ထဲဝင်တော့ ကြီးတင့် က

'သခင်လေး ဘယ်တုန်းက ပြန်ရောက်တာလဲ ကြီးတင့် မမကြီးကို သွားခေါ်လိုက်မယ်နော်'

'ရတယ် ကြီးတင့် ကျတော်ကိုယ်တိုင်ဘဲသွားလိုက်ပါ့မယ်'

ဒေါက် ...ဒေါက်....

တံခါးခေါက်ပြီးဝင်လိုက်တာနဲ့တွေ့လိုက်ရတာ

'ဟယ်.. သား ဘယ်တုန်းကပြန်ရောက်တာလဲ မေကြီးကို ဘားမှလည်းမပြောဘူး'

'...... သားက မေကြီး အံ့သြသွားတဲ့ ပုံစံကိုကြည့်ချင်လို့
ဘားမှမပြောဘဲပြန်လာတာ'

'မေကြီးကိုကြိုပြောတော့ မေကြီးသားငယ်စားချင်တာ ချက်ထားပေးလို့ရမှာပေါ့..'

'ရပါတယ် မေကြီး
ကျနော် အကြာကြီးနေဦးမှာမို့ မေကြီးလက်ရာ နေ့တိုင်းစားရမယ် ချက်ကျွေးမယ်မလား မေကြီး... ဟင်..'

'အတက်လေး ၄နစ်လုံးလုံးမေကြီးကို ပစ်ထားပြီးတော့'
'မဟုတ်ပါဘူး ကျွန်တော်နဲ့အတူလိုက်နေဖို့ခေါ်တာဘဲ မေကြီးမှ မလိုက်တာကို'

'အို ရှုပ်ရှုပ်ရှက်ရှက်တွေ မေကြီးတို့ နဲ့သူတို့နဲ့က အပြောအဆို အနေအထိုင်ကွာတယ်လေ သူတို့က လွတ်လပ်တယ်ဆိုပြီး ထင်တိုင်းကျဲနေတာ မေကြီးကတော့ မကြိုက်ပါဘူး.....'

'ဟုတ်ပါပြီ မေကြီးရာ အခုတော့ သားဗိုက်ဆာနေပြီ
ထမင်းသွားစားရအောင်လေ ဘာချက်လဲ'

'အမေတို့ဒီနေ့ထမင်းချက်မစားဘူးသားရဲ့'
'ဟင် ဒါဆို အမေတို့ဘာစားလဲ'
'အမေတို့နန်းကြီးသုတ်လုပ်စားကြတာ သားရဲ့ '
'အော် ဒါဆိုလည်း
စားမယ်လေ နန်းကြီး '

အချစ်များစွာဖြင့် Where stories live. Discover now