ချစ်ခြင်းများစွာဖြင့်( အပိုင်း ၁၇)

1.1K 50 0
                                    

[ Zawgyi ]

မိုးများ ရွာသွန်းထားသဖြင့် အေးစိမ့်သော အငွေ့အသက်တွေ လွှမ်းခြုံနေကာ  နာရီအားဖြင့် ၇နာရီ ထိုးဖို့  ၅မိနစ်အလို နှောင်းသည်  အိပ်ရာထက်မှ နိုးထလာခဲ့သည်။

နှောင်းသည် နှိုးနှိုးချင်း ရောင်နီ့အခန်းသို့  အပြေးသွားကြည့်လိုက်ပေမဲ့  အခန်းထဲတွင် ကိုကိုရှိမနေ။

ရုံးကို သွားပြီများလား? အောက်ထပ်မှ စားစရာ အနံ့များရသဖြင့် နှောင်းမျက်နှာမသစ်တော့ဘဲ မွှေးရနံ့တွေ ပျံ့နေတဲ့ မီဖိုချောင်ဆီဆင်းလာခဲ့ရာ
apron ၀တ်ပြီး ဟင်းချက်နေသောကိုကို့ကို တွေ့လိုက်ရသည်။

နှောင်း ရပ်ကြည့်နေတုန်းပင် ရောင်နီက နောက်လှည့်လိုက်သည့်အခိုက်  သူ့ကို တံခါးဝတွင် ရပ်ကြည့်နေသော  အိပ်ရာစုတ်ဖွား နဲ့ ကောင်မလေးကို တွေ့လိုက်ရသည်။

'နှောင်းး!
မနက်စာလာစားလေ´

ခေါ်လိုက်တော့မှ  သတိပြန်ဝင်လာသည့်နှယ်  ဘာတွေများတွေးနေတာလဲ။

'ကိုကို´

ခေါ်ပြီး အပြေးလာဖက်သူကြောင့်  ရောင်နီက

'ဘာလို့လဲ  နှောင်းး´

'ဒီနေ့ကစပြီး  နှောင်းတို့ တွဲတာ ပထမနေ့ဘဲနော်´

'ကိုယ်တို့က  လက်ထပ်ပြီးသားဘဲ  နှောင်းရဲ့  ဘာတွေ´

'လက်ထပ်တာနဲ့ တွဲတာက မတူဘူးလေ  ဘာလဲ  ကိုကိုက  နှောင်းကို မတွဲချင်လို့လားး´

'ဘယ်လိုတွေတောင် ပြောလိုက်တာလဲ 
ကိုယ်က  ဘာလို့နှောင်းကိုမတွဲချင်ရမှာလဲ´

'ဟီးးဟီးးးဒါဆို ညနေကျရင်  သွားဒိတ်ကျရအောင်လေ  ကိုကို´

ရုတ်တရက်  ပေါ်တင်ပြောလာသူကြောင့်  ရောင်နီ့ မျက်နှာမှာ  ခရမ်းချဉ်သီးကဲ့သို့  နီသွားတာ အရှက်သဲနေသူကို ကြည့်ရင်းး

'ကိုကို  ရှက်နေတာလားး  ဘာရှက်စရာရှိလို့လဲ  ကိုကိုရဲ့´

'..အဟင်းး
ဘယ်..ဘယ်သူက ရှက်နေလို့လဲ´

'ကိုကို!
နှောင်းလေ  ကိုကို့ကိုချစ်တယ်´

'ကိုယ်က ပိုချစ်တယ်နှောင်းး´

အချစ်များစွာဖြင့် Where stories live. Discover now