အချစ်များစွာဖြင့် (အပိုင်း၂၁)

1.5K 50 0
                                    

[ Zawgyi ]

နေ့တွေ ရက်တွေ လတွေ ကုန်ဆုံးရင်း နှောင်းဗိုက်ထဲရှိ ကလေးမှာလည်း မိန်းကလေးမှန်းသိရသည်။ကိုကို့ကို ကလေးကမိန်းကလေး လို့ပြောလိုက်သည့်နေ့မှာပင် ကိုကိုက ငိုနေခဲ့သေးသည်။ဘာကြောင့်ငိုလဲ မသိရပေမဲ့ နှောင်းကတော့ က်ုကိုပျော်လို့ငိုတယ် ဘဲစိတ်ထဲမှာ တွေးတယ်။လရင့်တာနှင့်အညီ နေထိုင်မကောင်းဖြစ်လာသည်။ညညဆို ကလေးက ကန်သဖြင့် ကောင်းကောင်းအိပ်လို့မရ ၊ ကြာလာတော့ အိပ်ရေးပျက်များပြီး နေမကောင်းဖြစ်တော့သည်။နှောင်းနေမကောင်းဖြစ်တော့ ကိုကိုက ဂရုစိုက်ပါတယ်။ ကိုယ်ဝန်သည်နေမကောင်းတာက စိုးရိမ်ရသည်လေ။

'ကိုကို ဘယ်သွားမလို့လဲ´

'.......... ´

'ကိုကို စောစောပြန်လာခဲ့ပါလား´

'.......... ´

'က်ုကိုပြန်လာရင် နှောင်းအတွက် မုန့်ဝယ်လာခဲ့ပေးပါလားး´

'.......... ´

'အဲ့တာဆို နှောင်းအိပ်တော့မယ်´

နေ့ခင်း၁၁နာရီပင်ရှိသေးသော်လည်း  အိပ်ချင်နေပြီလေ ကုတင်ပေါ်တက်ပြီးအိပ်ရန်လုပ်မှ အပြင်ထွက်ဖို့ခြေလှမ်းနေသည့်က်ုကိုသည် တံခါးလက်ကိုင်ကိုကိုင်ရင်း

'အပြင်ခနသွားမှာ ကြက်ကြော်ဝယ်လာခဲ့ပေးမယ်´

အိပ်နေသူ၏ နှုတ်ခမ်း၌ အပြုံးလေးတစ်ပွင့်ကို ပန်ဆင်လိုက်မိသည်။နှောင်းသိသည် ကိုကိုက ဘယ်တော့မှ နှောင်းကိုထားမသွားဘူးဆိုတာကိုပေါ့။

နှောင်းသည် အိပ်နေရင်း အိမ်မက်တစ်ခုကိုမက်သည်။ အိမ်မက်ထဲမှာတော့ ကိုကိုက

'နှောင်း  ကိုယ်သွားရတော့မယ် ကောင်းကောင်းနေခဲ့နော် နှောင်း´

ကိုကိုသည် ဆုပ်ကိုင်ထားသော နှောင်း၏လက်ကို လွှတ်ကာ ထွက်သွားလေသည်။နှောင်းလိုက်ဖို့ပြင်လေတော့ နှောင်း၏ ခြေထောက်မှာ ရွေ့လို့ပင်မရအောင် ဖြစ်နေလေ၍ ဒူးထောက်လျက်သားနှင့်

'ကိုကို  မသွားပါနဲ့  အီးးဟီးး နှောင်းကိုချစ်တယ်ဆို  မသွားပါနဲ့ ကိုကိုရယ် ထားမသွားပါနဲ့ ´

အချစ်များစွာဖြင့် Where stories live. Discover now