အချစ်များစွာဖြင့် အပိုင်း (၇)

1K 71 2
                                    

[  Zawgyi ]

နှောင်း အိမ်ကိုတန်းမပြန်ဘဲ လမ်းထိပ်က စတော်ဘယ်ရီ ဖျော်ရည်သောက်ချင်တာနဲ့

'ဉီးလေး နှောင်း ဖျော်ရည်သောက်ချင်လို့သွားဝယ်ပေးပါလား '

'ဟုကဲ့ ခနစောင့်နော် မမလေး'

ခေါင်းငြိမ့်ပြလ်ုက်သည်နှင့်  ဉီးလေးသည် ကားပေါ်မှဆင်ူတာ ထွက်ဝယ်သည်။ ခနကြာတော့ လက်ထဲမှ ဖုန်းမြည်လာသည် ကြည့်လ်ုက်တော့ မနက်ကဖုန်း

နှောင်းပျော်နေမိသလို ကြောက်နေမိသည့်
။ တွေး၍ပျော်ခဲ့သည်  သို့သော်လည်း ထင်ထားသလို မဟုတ်ခဲ့ ။

'ဟယ်လို ရောင်ခြည်'

' နှောင်း ကို ပြန်လာပြီ '

'သိတယ် ဘာလ်ု့လဲ '

'ဘာကိုလဲ '

' ဘာလို့ ရှုပ်အောင်လုပ်နေတာလဲ '

'နှောင်းသိနေတာလား '

' အင်း သိတာပေါ့ ဒီလောက် သိသာနေတာကို '

' အရင်အတိုင်းဘဲနော် '

'နင်သူ့ကိုပြသနာတွေမပေးနဲ့ တော်လိုက်တော့ '

' ဘာပြောတယ် အခု နှောင်း ကိုယ့်ရှေ့မှာ သူ့ကို ကာကွယ်ပေးနေတာလား '

' မဟုဘူး ဒါပေမဲ့ '

'နှောင်း သူ့ကို ချစ်မိနေပြီလား..... '

'......... '

'နှောင်း ဖြေလေ '

'မချစ်ဘူး ဒါပေမဲ့ သူ့ကိုမထိခိုက်စေချင်ဘူး ဒီဖြစ်သွားတဲ့ကိစ္စက ငါတို့နှစ်ယောက်လုံးနဲ့ဆိုင်တယ်ဆိုတာ နင်မမေ့သင့်ဘူး
ပြီးတော့ တကယ်တမ်းတွေးကြည့်ရင် သူလည်းနစ်နာသူဘဲလေ '

'ကိုယ့် အပြစ်လို့ပြောချင်နေတာလား နှောင်းက '

'မမှားဘူးလေ '

ဟား...ကွာ.... နှောင်း ပြောင်းလဲသွားပြီဘဲ။

' အင်း ဟုတ်ပါတယ် ကို့အမှားပါ ဒါပေမဲ့ နှောင်း ကိုယ့်ဆီကို ပြန်လာမယ်မလား '

နှောင်းတွေဝေနေမိတယ် တကယ်ဆို ပျော်ရမယ့်ကိစ္စ
ကို ဘာကြောင့်များစိတ်လေးနေရတာလဲ။

အချစ်များစွာဖြင့် Where stories live. Discover now