အချစ်များစွာဖြင့် (အပိုင်း ၁၈)

1.1K 46 0
                                    

[ Zawgyi ]

မိသားစု ထမင်းစားပွဲသာဆိုတယ်
အားလုံးမှာနှုတ်ဆိတ်လျက်။

'မင်း  ပြီးရင် စာကြည့်ခန်းလာခဲ့လိုက်´

အမိန့်ဆန်စွာ  ပြောလာသူကြောင့် ရောင်နီလည်း ခေါင်းငြိမ့်ပြရင်း  လ်ုက်သွားရာ  အခန်းထဲရောက်တော့

'ဘာပြောစရာရှိလို့လဲ  အဖေ´

'မခေါ်နဲ့မင်း  ကို ငါ ရွံလို့´
မျက်လုံးကိုကြည့်ပြီး တလုံးချင်းပြောလာသည်က ရင်ထဲသို့ နာကျင်စွာ စိုက်ဝင်လျက်။

'ကျွန်တော်သိပြီးသားကို ထပ်ပြောဖို့ ခေါ်တာတော့မဟုတ်ဘူးထင်တယ်´

'ဦးအောင်ကောင်းဆိုတဲ့ မင်းကို ကူညီခဲ့တဲ့လူက ဘယ်သူလဲ´

'သူက သူဌေးကြီးတစ်ယောက်ပါ ကျွန်တော်သူ့ကိုကူညီခဲ့ဖူးတော့ ပြန်ကူညီတာပါ အထွေအထူးမရှိပါဘူး´

'ဟက်  မင်းငါ့ကိုညာလို့ရမယ်များထင်သလား ရောင်နီ သူ့အကြောင်းငါစုံစမ်းပြီးသွားပြီ သူဌေးကြီးဦးအောင်ကောင်းက သေတာကြာပြီ´

'အဲ့တာကျွန်တော်မသိဘူး  သူပေးတဲ့ အကူအညီကို ကျနော်လက်ခံခဲ့ရုံဘဲ´

'အင်းပါ  လုပ်ထားဦးပေါ့ ရောင်နီလုပ်ထားဦးပေါ့´

'ဒါဆိုကျနော်တို့ပြန်တော့မယ်´

ပြောပြီးပြန်ထွက်လာသူကို ရောင်ခြည်က

'သတိထားဦးနော်  အကို
အရမ်းကြီးပျော်မနေနဲ့´

ခနဲ့ပြီး သတိပေးလာသူကို

'မင်းကသာ  ငါ့ထက်ပိုပြီးးသတိထားရမှာ
နှောင်းး!လာ  ပြန်မယ်´

လက်ကိုကိုင်ကာ ဆွဲခေါ်လာသူကြောင့်  နှောင်းအလိုက်သင့်ပါသွားရင်း  ကားထဲရောက်မှသာ

'ကိုကို  ကိုကိုဘာဖြစ်လို့လဲ´

'.........´

ပြန်မဖြေ။

ကိုကို့ကိုကြည့်ရတာ ဒေါသထွက်နေသည့်ပုံဖြစ်သဖြင့်  နှောင်းလည်းနှုတ်ဆိတ်ကာ နေလိုက်တော့ ကားကို အရှိန်ဖြင့် လမ်းဘေး၌ထိုးရပ်ကာ  အတင်းအကြပ်ပင် နှောင်း၏ နှုတ်ခမ်းပါးကို စုပ်ယူနမ်းရှိုက်လာသည်။

အချစ်များစွာဖြင့် Where stories live. Discover now