အချစ်များစွာဖြင့် ( အပိုင်း ၁၃ )

934 54 0
                                    

[ Zawgyi ]

ဆွန့်နဲ့ ရတီတို့ကို တွဲနေသည်ကို ခွဲရန်လုပ်နေသော ရတီ့အဖေကြောင့်
ဆွန့်တို့  ခိုးရာလိုက်ပြေးဖို့ စီစဉ်ခဲ့သော်လည်း  ရုတ်တရပ် လက်ခံခဲ့သော ရတီ့အဖေကြောင့်ပင်  ထိုအစီအစဉ်ပျက်သွားခဲ့သည်။

ထို့ကြောင့် ဆွန့်သည်  ရတီ့ကို တင့်တောင်းတင့်တယ်လက်ထပ်နိုင်ရန် အခွင့်ကောင်းရခဲ့ပြီမို့  ရောင်နီ့တို့ကို ဖိတ်၍ ထမင်းစာဖို့ ဖိတ်ခဲ့ရာ  ယောက်ျားလေးများဖြစ်သည့်အတွက် တစ်ခွက် တဖလားသောက်ခဲ့ကြသည်။

ရောင်နီသည် ညီနှင့်မတူ။ ညီသည် ဘယ်လောက်သောက်သောက်မမူးပေမဲ့  မူးလျှင် အသိရှိသည်။ ရောင်နီကား သောက်တုန်းမမူးပေမဲ့ မသောက်တော့တဲ့ အခါမှသာ  အသိစိတ်ပျောက်သည်အထိပင်။ထိုအကျင့်ကြောင့်ပင်....အရာရာ ပြောင်းလဲသွားသည်လေ....

သူမူး၍ ခေါင်းပင်မထောင်နိုင်ဘဲ အိပ်ပျော်သွားသော ရောင်နီ့ကြောင့်  ညီသူ့ကို taxiဖြင့်  အိမ်ထဲထိ ပြန်လာပို့ပြီင်္းမှသာ ပြန်သွားခဲ့သည်။
သူအိပ်နေခဲ့သည် ။သူ  ပူနေသည်  ချွေးတွေ တပြိုက်ပြိုက်ကျသည်အထိ သူပူအိုက်နေသဖြင့်  အင်္ကျီကိုချွတ်ကာ  air conditionerဖွင့်ပြီး ပြန်အိပ်ပျော်သွားခဲ့လေသည်။ သူမသိလိုက်တာက အိမ်တံခါးလော့ မကျသေးတာနဲ့  နောက်တွင် လူတယောက် အိပ်နေတာကိုပင်။

နှောင်းလည်း ခေါင်းတွေ ထိုးကိုက်လာကာ  အတွင်းထဲမှ ပူနေသလို ခံစားရသဖြင့် ထိုင်နေရာမှ ထွက်လာကာ အိမ်ပြန်ဖို့ပြင်ခဲ့သည်။ သို့သော် မသွားနိုင်တော့သလို အားအင်တွေ ကုန်ခမ်းနေသည်။
ထို့ကြောင့် ခြံတံခါးထင်၍ ဖွင့်လိုက်ရာ အိပ်ခန်းထဲ တိုက်ရိုက်ရောက်သွားသလိုပင်။

နှောင်း မူးနေသည် ဘာဆို ဘာမှ မစဉ်းစားမဆင်ခြေနိုင်သည်အထိ မူးနေသည် ။
ထ်ု့ကြောင့်တွေ့လိုက်ရတဲ့ အိပ်ရာထက် ကိုယ်ကို ပစ်ကာအိပ်စက်တော့သည်။

နှောင်းလည်းမကြာ အလုံပိတ်ထားတဲ့ အခန်းကအတော်ပင် ပူနေသဖြင့်  ၀တ်ထားသော ရှပ်အင်္ကျီကို ချွတ်လိုက်မိသည် ။

နှောင်းနှင့် ရောင်နီတို့မသိလိုက်တာက  သူတို့က ကျောခိုင်းလျက် အိပ်နေကြသည် ဆိုတာကိုပင်။

အချစ်များစွာဖြင့် Where stories live. Discover now