အချစ်များစွာဖြင့် (အပိုင်း၎)

1.8K 66 0
                                    

[ZAWGYI]
ရောင်နီတယောက် ကြောက်လန့်နေမိသည်။ဟန်နီ ပြောသလို နှောင်းကိုဆုံးရှုံးမခံနိုင်ပါ။ ဘာဘဲဖြစ်ဖြစ် သူရအောင်ဖက်တွယ်ထားမယ် ဘာလို့ဆို နှောင်းက သူ့အသက်လေ ။

နှောင်းတယောက် အခန်းထဲတွင်ခေါက်တုံ့ခေါက်ပြန် လျှောက်နေမိသည်။ ခဏလေးဘဲ သွားပြီးပြန်လာခဲ့မယ်လို့မှာသွားသူက ၃နာရီထဲကဆင်းသွားတာ အခုပင်၅နာရီထိုးတော့မည်။

နှောင်း စိတ်ထဲစိုးရိမ်စိတ်များ တရိပ်ရိပ်တက်လာသည့် လိုင်းလုံးကြီးများကဲ့သို့ ဗလောင်ဆူနေသည်။ ဖုန်းဆက်ကြည့်သော်လည်း စက်ပိတ်ထားသည်။

နှောင်းဆုံးဖြတ်လိုက်သည် သူလိုက်ရှာပြီး ပြန်ခေါ်လာမယ့်အတွေးဖြင့်......

ဓာတ်လှေကားဖွင့်သည်နှင့် ဝင်သွားသော နှောင်းနှင့်အတူ တဖက်တွင်လည်း ထွက်လာသော ရောင်နီ။ သူတို့၏ အချစ်ရေးကဲ့သို့ပင် နီးလျက်နဲ့ မဆုံစည်းနိုင် မတွေ့ဆုံနိုင်။

ပိတ်သွားသည့်ဓာတ်လှေကားရှေ့ကိုဖြတ်လျှောက်လာသော ရောင်နီသည် အလောတကြီးဖြင့်အခန်းထဲသို့ခြေလှမ်းကျဲကြီးဖြင့် အခန်းထဲသို့ဝင်လျှင်ဝင်ချင်း 'နှောင်း' သူရှာသည်
ရေချိုးခန်း လသာဆောင် ထိကိုစိုးရိမ်စိတ်ဖြင့်ရှာသော်ငှား သူ့မတွေ့။

တဖက်ကနှောင်းတွင်လည်းreception တွင်သွားမေးကြည့်ရာ ခုနလေးတင် တက်သွားကြောင်း
သိရသဖြင့် နှောင်းပြန်တက်လာခဲ့သည်။

သို့သော် အခန်းထဲက လူတယောက်ကတော့
'နှောင်းရေ.. နှောင်း မဟုတ်ဘူး မဟုတ်ဘူး မသွားရဘူး ကို့ကို ထားပြီးဘယ်မှ မသွားရဘူး
အားး!!!!!.....'

နှောင်းအခန်းရှေ့ရောက်သော် ကြားလိုက်ရသည့် အသံကြောင့် တံခါးအမြန်ဖွင့်ကာ ၀င်လိုက်တော့
ပစ္စည်းများရှုပ်ပွကာ သူ့ကိုကျောခိုင်းထားသော လူတယောက်ကတော့မျက်ရည်များဖြင့် စိုရွဲနေကာ
ရူးမတက် ငိုကြွေးနေသည်။

'ဘာဖြစ်လို့လဲဟင်'ေ၇ာင်နီလှည့်ကြည့်မိတော့ ကြောက်ကြောက်လန့်လန့်ဖြင့်မေးလာသူကို အ၇ှိန်ဖြင့်ပင် ပွေ့ဖက်လိုက်တော့ နှောင်းရုန်းကန်မိသည်

အချစ်များစွာဖြင့် Where stories live. Discover now