[ Zawgyi ]
နှောင်းတခက်တဲ့ ။ လှလိုက်တဲ့ နာမည်လေး။
နာမည်နဲ့ လိုက်အောင်လည်း လှရက်တဲ့ မိန်းကလေး။ရောင်နီသည် အိမ်တော်ကြီးမှာ မနေဘဲ အိမ်တော်ဘေး၌ဆောက်ထားသည့် တိုက်ပုလေးတွင်သာ နေခဲ့သည်။
ဟုတယ်လေ...ပြန်ရောက်ရင် ကြိုမယ့်သူ နေမကာင်းရင်စိတ်ပူပေးမဲ့သူ ၀မ်းနည်းလို့ မွန်းကြပ်လာရင် ရင်ဖွင့်စရာ မရှိ နှစ်သိမ့်ပေးမယ့်သူလည်းမရှိတဲ့ အိမ်ကြီးမှာနေတာထက်
အိမ်လေးမှာ တယောက်ထဲနေတာက ပိုမကောင်းပေဘူးလား....ရောင်နီသည် စာတော်သည်၊ ထက်မြက်သည် ၊သဘောထားကြီးသည့်တိုင် ရင်ထဲမှာတော့
ထင်မထားလောက်အောင်များတဲ့ ဒဏ်ရာများလည်းရှိသည်။သူသည်တနေ့ အိမ်ရှေ့တွင် ပန်းပင်လောင်ရင်း ခြံထဲပြေးဝင်လာသည့် သူ...
'...လှလိုက်တာ´
ဆယ်ကျော်သက် အရွယ် ကောင်လေးတယောက်ရဲ့ ရင်ထဲမှာ ပထဆုံးခံစားဖူးတဲ့ အမည်မသိတဲ့ ခံစားချက်လေးတခု ဖြတ်ပြေးသွားခဲ့သည်....။' သမီး မပြေးနဲ့လေ နှောင်းး ချော်လဲမယ် ´
နောက်ကနေပါလာသော စိတ်ပူခြင်းအပြည့်နဲ့ အသံတခု....' ကိုကို ရှိတယ် မေမေ´
' ဟင်...အော်
သား ဒေါ်မြခြည်လွင်ရှိလား .. ´' ဗျာ ဟုတ်ကဲ့ မေမေကြီးရှိပါတယ်...အိမ်ထဲဝင်သွားလိုက်ပါဗျ မေမေကြီး ခုချိန်ဆို မီးဖိုချောင်ထဲမှာရှိနေမယ်ထင်တယ်ခင်ဗျ´
' အော် အင်း ကျေးဇူးဘဲနော် သား ...
လာ နှောင်း သွားမယ်´ထိုအချိန် အမေဖြစ်သူ၏လက်ထဲက ရုန်းထွက်လာကာ
ပြေးလာသူဆီကနေ' ရော့ ကို ကို နှောင်းပေးတာ လက်ဆောင် ...ဟီးး´
ကျနော့ဆီပြေးလာကာ လက်ထဲမှ ကိုင်ထားတဲ့ ချိုချဉ်လုံးလေးကိုပေးလာတော့
' ဟမ်..အော် ကျေးဇူးဘဲနော် ညီမလေး´' အီးးဟီး! မဟုတ်ဘူး!!!ညီမလေးမဟုတ်ဘူး..နှောင်းးး ´
ရုတ်တရက်ထငိုလာသော ကောင်မလေးကြောင့် ရောင်နီငိုင်ကာ ကြည့်နေမိသည်။
YOU ARE READING
အချစ်များစွာဖြင့်
Romanceဒီ 'အချစ်များစွာ' fic လေးကတော့ မီပထမဆုံးရေးတဲ့ fic ဖြစ်တဲ့အတွက် အရေးအသားတွေ လိုအပ်ချက်တွေ ရှိနိုင်ပါတယ် ဒါကြောင့် ဝေဖန်ပေးနိုင်ပါတယ် အားပေးကြပါဦး စာဖတ်သူတဦးချင်းစီတိုင်းကို ကျေးဇူးအထူးတင်လျက်။