အချစ်များစွာဖြင့် ( အပိုင်း၈ )

984 63 0
                                    

[ Zawgyi ]

နှောင်းသည် သူ၏အမေကဲ့သို့ပင် ဆရာမတယောက်ဖြစ်သည်။ သို့သော် ....

~~~~~~~~~~~~~~~~~

ဂြီ.....ဂြီ ....

နှောင်းအပေါ်ထက်တွင် စာဖတ်နေတုန်း ဗိုက်ဆာလာသဖြင့် မုန့်စားရန် အောက်ထပ်သို့ဆင်းလာနေစဉ် မီးဖိုချောင်မှ ကြားလိုက်ရသည်က

' မိကျု့ရေ နင်သေချာလုပ်နော် နင်သာသေချာမလုပ်နိုင်ခဲ့ရင် သေသွားမယ့်သူက ဉီးမင်းရောင်နီမဟုတ်ဘဲ နင့်အမေနဲ့ နင့်ညီမလေးတွေဖြစ်သွားလိမ့်မယ် ကြားလား '

ဒေါ်ကြီးသည် မိကျု့ကို ပြောနေခြင်း။မိကျု့ကလည်း
'စိတ်ချပါဒေါ်ကြီးရဲ့ ညီမလေးနဲ့ အမေ့ကိုတော့ဘားမှမလုပ်ပါနဲ့ မိကျု့ရှိကြီးခိုပြီးတောင်းပန်ပါတယ် '

သူတိုသည် နှောင်း စာဖတ်နေသည့်အထင်ဖြင့်သာ ပြောနေကြသည် ဘာလို့ဆို နှောင်းသည် စာဖတ်နေတုန်း အနှောက်အယှက် တွေ အသံဆူညံနေတာတွေက်ု အလွန်မုန်းသည်။ထို့ကြောင့် နှောင်းစာဖတ်ချိန်တွင် အခန်းတံခါးကိုလော့ချလေ့ရှိသည်။

နှောင်းတုန်လှုပ်နေမိသည် ဘာလို့ဆို ဒေါ်ကြီးက ဘွားမေရှိနေကတည်းက နေလာသည့်သူ ထို့အပြင် သူသည် ရောင်နီကို ဘုရား... ဘုရား ....

တဆက်ထဲမှာပင် ရောင်နီ့ကားသံကြောင့် သူတို့မီးဖိုချောင်မှထွက်လာ ကြတော့ နှောင်းကို တွေ့တော့ ကြားများကြားသွားပြီလားဟုတွေးနေကြသည့်ပုံပင်။ အာ့ကြောင့် နှောင်းလည်း

' ဒေါ်ကြီး နှောင်းကို ဘာလို့ဒီလောက်ကြည့်နေတာလဲ မိကျု့ရောဘဲ နှောင်း ဗိုက်ဆာလို့ဆင်းလာတာ အိမ်ရှေ့ကားသံကြားလို့လေ ဒါနဲ့ ဘယ်သူလာတာလဲ '

ထိုအခါမှသာ ဒေါ်ကြီးက
'သူဌေးပြန်လာတာနဲ့တူတယ် မမလေး '

နှောင်း သေချာကြည့်လိုက်တော့မှ ရောင်နီက ပန်းစည်းကို ကိုင်ကာကားပေါ်မှဆင်းလာပြီး နှောင်းကိုတွေ့တာနဲ့ ရီပြကာ ပန်းစည်းလှမ်းပေးပြီး ပျော်ရွှင်ပါစေနှောင်းတဲ့လေ။ နှောင်းက ဘာလို့ပေးတာလဲစဉ်းစားနေတုန်း

' ဒီနေ့က ဘာနေ့မှမဟုတ်ပါဘူး ပန်းလေးလှလို့ ၀ယ်လာပေးတာ'

'အော် '

အချစ်များစွာဖြင့် Where stories live. Discover now