အချစ်များစွာဖြင့်(အပိုင်း၃)

2.5K 73 0
                                    

[Zawgyi]
ချောင်းသာသို့ကိုယ်ပိုင်ကားဖြင့်လာသော်လည်း အနဲနင့်အများ ခရီးပန်းတတ်ကြသည်။

သို့သော်...
ထိုထဲတွင် နှောင်းတခတ်မပါချေ။
ဟိုတယ်သို့ ရောက်ရောက်ချင်း ရေကူးချင်သည်လုပ်နေသောကြောင့်ပင်။

ရောင်နီက ကိုယ်အခုပင်ပန်းနေလို့ ညနေမှ ရေကစားရအောင် ပြောသော်လည်း နားမဝင် ။ တယောက်ထဲသွားလည်းအဆင်ပြေတယ် ဟူ၍ဆိုကာ ရေထဲဆင်းဖို့ပြင်နေသူကိုတားမရသည့်အဆုံး ရောင်နီပါ
လိုက်ကစားပေးရသည်။

နှောင်းသည် ရေကိုအလွန်တရာ ကြိုက်သည့်ကလေးငယ်ကဲ့သို့ပင်
ပျော်ရွင်စွာရေကစားနေသည်။

ခဏကြာတော့ ပြုံးပျော်ကာရေကစားနေသည့်ကလေးငယ်က. ချက်ချင်းပင် ရုပ်တည်သွားသဖြင့် ရောင်နီကစိုးရိမ်စွာဖြင့်

'ဘာဖြစ်လို့လဲ..နှောင်း'မေးတော့ ပြန်ဖြေလာသောစကားတခွန်းကြောင့် ရောင်နီရီမိသွားသည်။

ပြောလိုက်တဲ့စကားတခွန်းကတော့ သူငါးကင်စားချင်လို့ ဗိုက်ဆာနေပြီတဲ့လေ...

ရောင်နီတို့ထွက်မလာခင်ကတည်းက မုန့်စား၍လာခဲ့သော်လည်း လမ်းခုလတ်တွေလည်း နားနား၍မုန့်စားလာခဲ့ကြသည်။

သို့သော် ရေထဲရောက်သွားရင် ဗိုက်က ပြန်ဆာတာပါဘဲ
သို့သော် နှောင်းသည် ဗိုက်လည်းဆာ ရေလည်း ကစားမဝ အဖြစ်မို့..

ဟိုတယ်သို့ပြန်ရောက်တော့ ရောင်နီက နှောင်းကို ရေအရင်ချိုးခိုင်းလိုက်သည်။မှာထားသော အစားအသောက်များကိုလာပို့စေသည်။

ရေချိုးခန်းကထွက်လာသည့်နှောင်းက စားပွဲခုံပေါ်အကြည့်ရောက်တော့ တွေ့လိုက်ရသည်က
မာလာငါးကင် ကဏန်းချဉ်စပ် ပြီးတော့ ကျောက်ပုစွန် ရေဘဝဲ ကင် ကင်းမွန်သုတ် ပင်လယ်စာအစုံကို တွေ့သည့် နှောင်းသည် ခေါင်းကိုခြောက်အောင်မသုတ်ဘဲ ထိုင်စားနေတော့သည်။

အောက်ထပ်၌ဖုန်းသွားပြောသောရောင်နီသည် အခန်းသို့ဝင်ဝင်ချင်း တွေ့လိုက်ရသော မြင်ကွင်းကြောင့်မျက်ခုံးကျုံ့မိပေမဲ့ သူဝမ်းသာသွားသည် ဘာလို့ဆို အချစ်က သူမှာထားသောစားစရာများကို အားရပါးရစားနေသောကြောင့်ပေ။
'နှောင်းဘာလို့ဆံပင်အရင်မသုတ်တာလဲ' မေးတော့
ပြန်မဖြေ။ ...မအားဘူးလေ

အချစ်များစွာဖြင့် Where stories live. Discover now