အပိုင်း - ၉

43.9K 3.5K 63
                                    

U&Z

အရိပ်အခန်းထဲအိပ်ရာသွားခင်းနေတုန်းအရီးနဲ့ရိုးစကားပြောပြီး အရီးဟိုဘက်အိမ်ထွက်သွားမှ ရိုးအခန်းထဲဝင်လာခဲ့လိုက်သည်။

ထရံကာဝါးကြမ်းခင်းထားတဲ့ အိမ်လေးထဲမှာမီးရောင်ဆိုလို့ အဝါရောင်မီးလုံးမှိန်မှိန်လေးတစ်လုံးသာထွန်းထား၏ သင်ဖြူးဖျားလေးပေါ်မှာချည်သားအစင်းစောင်ပါးလေးကိုအိပ်ရာခင်းအဖြစ်ခင်းထား၍ ခြေရင်းနားမှာတော့အကွက်ဂွမ်းစောင်ကိုချထားပြီးအရိပ်ကထိုင်နေသည်။

နှစ်ယောက်လုံးအစီစဉ်မရှိပဲခိုးပြေးလာခဲ့ကြတာမို့ ဘာအဝတ်စားမှပါမလာတဲ့ သူတို့နှစ်ယောက်ကို အရီးကဆုံးသွားတဲ့ သူ့ယောကျ်ားအဝတ်တွေငှားပေးထားသည်။

ရိုးလိုလူကောင်ထွားထွားကဝတ်လိုအဆင်ပြေပေမဲ့အရိပ်ကတော့ ခန္ဓာကိုယ်သေးသွယ်သူမို့အရီးငှားပေးထားတဲ့အင်္ကျီနဲ့မလိုက်ဖက်စွာပွပွကြီးဖြစ်နေသည်။

ပုံမှန်ဝတ်နေတဲ့အဝတ်စားတွေမဟုတ်တဲ့ အရိပ်ပုံစံလေးကဖရိုဖရဲနဲ့ချစ်စရာကောင်းနေပြန်သည်။

" အရိပ် ရော့  "

ရိုး အရိပ်ဘေးအိပ်ရာခင်းပေါ်ထိုင်ချလိုက်ပြီး အရိပ်လက်ထဲပိုက်ဆံတစ်ထောင်တန်တစ်သိန်းအုပ်ကိုပေးလိုက်တော့ သူ့ကိုကြည့်လာတဲ့အရိပ်။

" ရိုး ဒါက "

" အရီးဆီကချေးလိုက်တာ ကိုယ့်တို့နှစ်ယောက်လုံးအတွက်မနက်ဖြန်လိုအပ်တာတွေ အရီးနဲ့ရွာဈေးမှာသွားဝယ်လိုက် ကိုယ့်တို့နှစ်ယောက်လုံးကရွာကိုဘယ်အချိန်မှပြန်လို့ရမလဲမသိဘူး ကိုယ့်အဖေကဘာမှမဖြစ်ပေမဲ့ အရိပ်အဖေကတော်တော်နဲ့စိတ်ဆိုးပြေမယ်မထင်ဘူး "

အရိပ် ရိုးစကားကြောင့်လက်ထဲကပိုက်ဆံကို ခေါင်းရင်းနားမှာချထားလိုက်၍ အဖေနဲ့အမေကိုတွေးမိတော့ရင်ထဲမွန်းကျပ်စွာ။

ယောကျ်ားလေးတစ်ယောက်တန်မဲ့ယောကျ်ားနောက်ခိုးရာလိုက်ပြေးတဲ့ သူ့ကိုအဖေနဲ့အမေခွင့်လွှတ်နိုင်ကြပါမလား ဒါမှမဟုတ်မိဘကိုအရှက်ခွဲတဲ့သားဆိုပြီးတော့အမွေဖြတ်များ စွန့်လွှတ်လိုက်မလားဆိုတဲ့အတွေးကိုတွေးမိတော့ ရင်လေးစွာသက်ပြင်းရှည်တစ်ချက်ကိုအရိပ်ချလိုက်မိသည်။

( သူကြီးသမက် )  CompletedWhere stories live. Discover now