Uni
ခန့်ထယ်ဝါရဲ့ခြိမ်းခြောက်မှုမှာ တော်တော်အရာထင်ခဲ့ပုံရတယ်
လမ်းတစ်လျှောက်လုံး ပုလဲနက်ဆီက ဘာသံမှမကြားရ ကားပေါ်မှာ ငြိမ်လို့
ခန့်ပြုံးတော့ပြုံးမိသားကိုယ်မှာတော့ချစ်လွန်းလို့ ချော့ချင်တာ သူကဘယ်လိုမှချော့မရ
ခုတော့ သူ့ကိုမချော့တော့ဘူး ခြောက်ပဲခြောက်တော့မယ်
သူကအရမ်းကြောက်တတ်မှန်းသိပေမယ့် အဲ့လောက်ထိ ခြောက်လို့ရမှန်းသူမသိထားခဲ့
ဖေဖေတို့အိမ်ကိုရောက်တော့လည်း ကားရပ်တာနဲ့ ဆင်းပြေးတာ ကိုယ့်မှာသာ ကားထားပြီးမှ အထဲဝင်လာရတော့ နောက်ကျနေတာ
အိမ်ထဲရောက်တော့ ကြီးမြမျက်နှာမကောင်း
"ကြီးမြ နေကောင်းလား ဖေဖေရော"
"သားကြီးရေ မင်းတို့လာတာနဲ့ အတော်ပဲ
မင်းအဖေကို ပြောကြပါဦး ဆေးရုံတက်ပါဆိုလဲ မတက်ဘူး ကြီးမြတော့သူ့ကိုကြည့်ပြီးအားကိုမရဘူး"ခန့်လည်းသက်ပြင်းချလိုက်ပြီး ဖေဖေ့အခန်းထဲသာဝင်လာလိုက်တော့တယ်
ဖေဖေက ကုတင်ပေါ်မှာ လှဲနေပေမယ့် သိသိသာသာပိန်သွားတဲ့ဖေဖေ့ကိုကြည့်ပြီး ကိုယ်တိုင်လည်းစိတ်မကောင်း
"ဖေဖေရယ် နက်ကိုမချစ်ဘူးလား နက်ကဖေဖေကို ဆေးရုံတက်စေချင်တာ ဒီမှာထက်စာရင်တော့ ဆေးရုံမှာဆိုရင် ပိုပြီးသက်တာပေါ့နော်"
နက်က ဖေဖေ့နားမှာ ဖေဖေ့လက်လေးကိုင်ကာ ပြောနေပေမယ့် ကျွန်တော်ဝင်လာတာတော့သိပုံမရ
"ဟော သားလာ မင်းရဲ့ညီမကတော့ ဖေဖေ့ကိုပြောနေပြီဟေ့ သမီးရယ်ဖေဖေကသေတော့မယ့်တူတူ ဘာလို့ တခြားမှာသွားနေရမှာလဲ ကိုယ့်အိမ်မှာပဲသေချင်တယ်ကွယ်"
ခန့် နက်ဘေးနားမှာ ထိုင်လိုက်ရင်း ဖေဖေပြောတာကြားတော့ အလိုလို ရင်ထဲက လှိုက်တက်လာတယ်
သူလိုယောက်က်ျားရင့်မာကြီးတောင်ဒီလိုဖြစ်ရင် နက်ဆိုရင်ရော
သူနက်ကိုကြည့်လိုက်တော့
"ဟင့်အင်းနော် ဖေဖေက ဘာလို့သေရမှာလဲ ဖေဖေ့ကို ကိုကိုကရအောင်ကုမှာပေါ့နော် ဟင့် "
YOU ARE READING
တစ်ချက်လေး စောင်းငဲ့ကြည့်ဦး
Randomမင်းက ငါ့အချစ်တွေနဲ့ မထိုက်တန်တဲ့မိန်းမပဲ ငါမင်းကို မင်းသေသွားရင်တောင် ပြန်ချသ်မှာမဟုတ်ဘူး ခန့်ထယ်ဝါ ကိုခန့်ဘယ်လောက်မုန်းမုန်း နက်နားကမထွက်သွားပါနဲ့နော် နက်က ကိုခန့်မရှိရင် သေမှာ ပုလဲနက်