If we never met : One

643 52 4
                                    

*Unicode*

"Jay...Let's go"

ညအမှောင်အောက်က မြစ်ကမ်းကိုငေးရင်း တွေဝေမိန်းမောနေသောသူ့ကို သူနဲ့အတူပါလာသည့်အမေရိကန်လူမျိုးWilliamက ပခုံးပုတ်လို့သတိပေးလာသည်။

ဆောင်းရာသီဖြစ်သည်ကတစ်ကြောင်း၊ မြစ်ကမ်းကိုဖြတ်၍တိုက်ခတ်လာသောလေအေးတွေကြောင့်တစ်ကြောင်း ဝတ်ထားသောLong coatကို စေ့ပိတ်လိုက်မိသည်။

ဆောင်းရာသီကိုမကြိုက်ဘူး။
အေးစိမ့်စိမ့်လေတွေကိုမနှစ်သက်ဘူး။

"Jay...ခရစ်စမတ်အလုပ်ပိတ်ရက်မှာ မင်းအိမ်ပြန်မှာလား?"

"ပြန်ဖြစ်မယ်မထင်ပါဘူး"

Williamရဲ့အမေးကို ပခုံးတွန့်ကာ ပြန်ဖြေလိုက်သည်။

ဒီအချိန်ရောက်တိုင်း Williamမေးနေကျဒီမေးခွန်းရဲ့အဖြေက ဒီအဖြေသာဖြစ်နေခဲ့တာ သုံးနှစ်တောင်ရှိရောပေါ့။

"ဘာလို့လဲJay ငါတို့စတွေ့ကတည်းက မင်းရဲ့နိုင်ငံကိုပြန်တာမျိုး ငါတစ်ခါမှမတွေ့ဖူးဘူး မင်းအဲ့မှာတစ်ခုခုဖြစ်ခဲ့တာလား"

ဒီတစ်နှစ်မှာတော့ သူ့ရဲ့အဖြေကိုမကျေနပ်သလို ထပ်ဆင့်အမေးထုတ်လာတဲ့အခါ လမ်းလျှောက်နေရင်းမှ Williamကိုတစ်ချက်ငဲ့ကြည့်မိတော့သည်။

"ဘာမှမရှိပါဘူး ဒီတိုင်း...ငါမပြန်ချင်ရုံပါ"

အတိတ်တွေထဲပြန်မတိုးဝင်ချင်ရုံပါ....။

"Bye Jay!Sleep well!"

"You too William.."

သူ့ကိုတက်တက်ကြွကြွနှုတ်ဆက်ပြီး သူ့တိုက်ခန်းရှိရာဆီဆက်လျှောက်သွားသောWilliamကျောပြင်ကို အချိန်ခဏမျှငေးပြီးမှ တိုက်ခန်းပေါ်တက်ခဲ့လိုက်သည်။

မှောင်မိုက်နေသောတိုက်ခန်းက သုံးနှစ်တိုင်နေတာတောင် သူ့ကိုနေသားမကျစေသေးပါ။

လွန်ခဲ့တဲ့သုံးနှစ်ကစလို့အခုချိန်အထိ ဒီတိုက်ခန်းမှာသူတစ်ဦးတည်းသာ နေခဲ့တာပေမဲ့ တိတ်ဆိတ်မှုတွေက သူ့ကိုခြောက်ခြားစေသည်။

တစ်ယောက်တည်းရှိမနေချင်တဲ့အခါ ထုံးစံအတိုင်းကော်ဖီခါးခါးတစ်ခွက်ဖျော်ကာ တိုက်ခန်းဝရံတာမှာ ထွက်ထိုင်လိုက်သည်။

If we never metWhere stories live. Discover now