If we never met : Seven

146 26 5
                                    

*Unicode*

နောက်ဆုံးသော မမှတ်မိချင်ဆုံး အနာတရများ

"ဂျောင်ဂျယ်ဟျွန်းနော်.."

သူ့ရှေ့က ခြေချိတ်ထိုင်နေသော အမျိုးသားတစ်ယောက်။

အမျိုးသားဆိုတာထက် လူကြီးတစ်ယောက်လို့ပြောရမလား။

စျေးကြီးမှန်းသိသာသည့် အဝတ်အစားတွေနှင့် ဖိုင်တစ်ချက်ကို မျက်မှန်အောက်က တည်ငြိမ်သည့် မျက်ဝန်းတွေက ငေးစိုက်လျက်ရှိနေသည့် ထိုလူကြီးက အလိုလိုနေရင်း သူ့ကိုရှိန်စေပါသည်။

"ဟုတ်..ဟုတ်ပါတယ်"

စားပွဲအောက်က လက်တွေကိုဆုပ်နယ်ရင်းက ပြန်ဖြေသံသည် တုန်ယင်နေခဲ့တာက ပြောလာမည်တွေကို သိနေခြင်းကြောင့်။

မျက်မှန်ပေါ်ကနေ ကျော်ကြည့်လာသည့် မျက်ဝန်းတွေထဲ အထင်သေးခြင်းနှင့် နှိမ့်ချခြင်းတွေများစွာ။

သူကြိုသိနေသည်. .။ ထိုလူကြီးနှုတ်ကနေ ထွက်လာမည့်စကားတွေကို။

"မင်း အန်ကယ့်သားနား ကပ်နေတာကို ရပ်လိုက်တော့"

ဒါပဲ. .။ သူမကြားရဲတဲ့စကားနဲ့ ကြားရမယ်ဆိုတာ ကြိုသိနေတဲ့စကားတွေ။

"အန်ကယ်က အန်ကယ့်သားကို အများကြီး မျှော်လင့်ထားတာ တစ်ဦးတည်းသောသားမလို့ကို ငယ်ငယ်ကတည်းက စည်းကမ်းတကျပျိုးထောင်ခဲ့တာ တစ်ချိန်ကျရင် အန်ကယ့်ထက်ပိုတော်တဲ့ လီမျိုးဆက်ဖြစ်လာစေချင်တာ. . ခဏတာဆုံတဲ့လိင်တူအမျိုးသားတစ်ယောက်နဲ့ စိတ်ကစားပြီး ပျော်ပါးနေဖို့ မမျှော်လင့်ထားသလို လိုလည်းမလိုချင်ဘူး"

လီထယ်ယုံးအဖေ မင်းကိုတွေ့ချင်တယ်ဆိုပြီး စချိန်းဆိုလာကတည်းက ဒီလိုစကားတွေ ကြားရတော့မယ်ဆိုတာ သူကသိပြီးသား။

သားအတွက်ဆိုပြီး ခေါင်းစဥ်တပ်ထားတဲ့ စည်းကမ်းချက်၊ ပိတ်ပင်မှုတွေကြား ယုံးငယ်အဖေက သူ့သားမပျော်နေတာကိုကော သိရဲ့လားလို့ သူကအော်ဟစ်မေးလိုက်ချင်ခဲ့တာ။

"အန်ကယ်မပြောလည်း မင်းသိမှာပါ အန်ကယ့်သားက မင်းလိုလူနဲ့ ဘယ်လိုမှမဖြစ်သင့်ဘူး သားငယ်က ဂျင်အာလိုမိန်းကလေးနဲ့မှ လိုက်ဖက်တာ"

If we never metWhere stories live. Discover now