If we never met : Nine

158 27 2
                                    

*Unicode*

တိတ်ဆိတ်ခြင်း၊ မှောင်မှိက်ခြင်းတို့ ကြီးစိုးနေသော အခန်းငယ်လေးအတွင်းက အလဲလဲအပြိုပြိုလူသား။

တရွေ့ရွေ့ကုန်ဆုံးနေသော နာရီလက်တံတွေနှင့် ကုန်ဆုံးသွားသောနေ့ရက်တွေကို လက်ချိုးရေတွက်ရင်းက ပိုလို့ငိုကြွေးနေသောမျက်ဝန်းတွေ။

နီးကပ်လာသော ပြက္ခဒိန်ပေါ်က အနီရောင်ရက်စွဲလေးက ခြိမ်းခြောက်လာနေတာ သူ့စိတ်ကို။

မခွဲချင်၊ မခွဲရက်လို့ နာနာကျင်ကျင်ငိုကြွေးနေတာကို ဘယ်သူကမှသိမှာမဟုတ်ဘူး။

မပြတ်သားတဲ့ဆုံးဖြတ်ချက်တွေကြောင့် နာကျင်ရင်းက ဝေဝါးနေရတဲ့ ရှေ့ဆက်ရမယ့် လမ်းခရီး။

ပျော့ညံ့လိုက်တာလို့ ရေရွတ်ရင်း ကိုယ့်ကိုကိုယ် ဟားတိုက်ရယ်မောပစ်လိုက်သည်။

"မင်းက မင်း မပီသလိုက်တာ. .ငကြောက်ပဲ"

မချိတင်ကဲရေရွတ်အပြစ်တင်ရင်း ထပ်ခြစ်ချလိုက်ရတဲ့ ပြက္ခဒိန်ထက်က နေ့ရက်တစ်ရက်။

အခြစ်ခံလိုက်ရတဲ့နေ့ရက်နဲ့ အနီရောင်အမှတ်အသားလေးကြားက ကျန်နေသေးသော နေ့ရက်လေးတစ်ရက်ကို စူးစိုက်ကြည့်ရင်း ဝေဝါးနေတဲ့ဆုံးဖြတ်ချက်တွေကို အတိအလင်းဖြတ်ချဖို့ ပြင်ရသည်။

တွေးရင်းတောရင်း နောင်တမရစေဖို့ ဘယ်လမ်းက ပိုသင့်တော်သလဲ သူ့မှာပိုလမ်းပျောက်လာရတာ။

"အချစ်ဆိုတာ ငြိမ်းသတ်မရတဲ့မီးလိုပဲ ငြိမ်းဖို့ကြိုးစားရင်းနဲ့ ကိုယ်ပဲတမြေ့မြေ့လောင်ကျွမ်းရတယ်. .ပူပြင်းတဲ့ဒဏ်ကို အံ့ကြိတ်ခံရင်း ငြိမ်းသွားဖို့ ဆုတောင်းလည်း ငြိမ်းသတ်မရတဲ့အချစ်မီးလေ မကစားသင့်၊ ဝင်မတိုးသင့်ဆိုတာ သိပ်မှန်တာပဲ"

တစ်ယောက်တည်းရေရွတ်တဲ့ သူ့စကားတွေကို တုံ့ပြန်သူမရှိ။

များပြားတဲ့နံရံထက်က ဓာတ်ပုံတွေကြားက ကောင်လေးတစ်ယောက်ကတော့ အပြစ်မရှိသူလို ပြုံးလို့ပျော်လို့။

"မင်းကလူဆိုးပဲ ငါ့ကိုလောင်ကျွမ်းအောင် လုပ်ပြီး ပျော်နေပြီမလားအခု"

If we never metWhere stories live. Discover now